Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လွိုင်ကော်မြို့ လင်ဖုံလေးကျေးရွာတွင် ခရမ်းချဉ်သီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကယားပြည်နယ်သည် ရာသီဥတု ကောင်းမွန်မျှတသောဒေသဖြစ်သဖြင့် စိုက်ပျိုးရေး လုပ်ငန်းကို တစ်ပိုင်တစ်နိုင်မှ

စီးပွားဖြစ် လုပ်ကိုင်ကြရာ လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာရှိ စိုက်ပျိုးတောင်သူများအနေဖြင့် ခရမ်းချဉ်သီးကို နှစ်စဉ်နှစ်တိုင်း စိုက်ပျိုးလေ့ရှိသည်။

 

ယခုနှစ်တွင် ခရမ်းချဉ်သီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းသော်လည်း COVID-19 ကြောင့် စျေးနှုန်းကျဆင်းမှုနှင့် ကြုံတွေ့နေရသည်။

 

ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် အချိန်ကာလအားဖြင့် သုံးလခန့်ကြာမြင့်ပြီး စတင်ဆွတ်ခူးချိန်တွင် (၁)ပိဿာလျှင် (၁၂၀၀)ကျပ်ခန့်ရောင်းရသော်လည်း၊ ယခုအခါ (၁)ပိဿာ ၄၅၀ကျပ်ခန့်သာ ဈေးရရှိသည်။ လင်ဖုံလေးကျေးရွာတွင် ခရမ်းသီးအပြင် ဂေါ်ဖီထုပ်၊ ပန်းမုန်လာ၊ ဖရုံ အစရှိသည့် သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ ခရမ်းချဉ်သီးကို ရှမ်းပြည်နယ် တောင်ပိုင်း အောင်ပန်းမြို့သို့ အဓိက တင်ပို့ရောင်းချကြသည်။

 

 

 

By Myanmar Food Guide

Read times
Rate this item
(0 votes)