Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ဈေးနှုန်းများ

မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ဈေးနှုန်းများ

မန္တလေးကိုင်းတန်းဈေးရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေး  ကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်း အသစ်များ ဝင်ရောက်မှုရှိခြင်းကြောင့် တစ်အိတ်လျှင် ၄၁၀၀၀ ကျပ် ၊ ရွှေဘိုပေါ်ဆန်းမှာ အသစ်မဝင်သေးခြင်း၊ လှောင်သမားထံမှ  ဝယ်ရခြင်းကြောင့်   တစ်အိတ်လျှင်  ၅၅၀၀၀  ကျပ်  ဖြင့် ဈေးတည်ငြိမ်နေပါသည်။

မနောသုခဆန် မှာ  အသစ်ပေါ်ချိန်ဖြစ်၍  ဈေးကွက်အတွင်း   အသစ် ၊ အဟောင်း  နှစ်မျိုးလုံးတွေ့ရပြီး အသစ် တစ်အိတ်လျှင် ၂၆၀၀၀ ကျပ် ၊ အဟောင်း တစ်အိတ်လျှင် ၃၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။

ငစိန်ဆန် အသစ်များ ဝင်ရောက်ပြီး အဟောင်း လက်ကျန်နည်းသဖြင့် အသစ်တစ်အိတ်လျှင် ၂၅၀၀၀ ကျပ် ၊ ဇီယာဆန်မှာ အသစ်မဝင်သေးခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ်လျှင် ၂၉၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေပါသည်။

ကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် အသစ်မထွက်သေးခြင်း ၊ အဟောင်းများ အဝင်နည်းသွားခြင်းကြောင့်

ကြက်သွန်နီ(ကြီး) တစ်ပိဿာလျှင် ယခင်အပတ် ၄၀၀ ကျပ် မှ ၆၀၀ကျပ်၊  ကြက်သွန်နီ(လတ်) တစ်ပိဿာ ၃၀၀ ကျပ် မှ ၄၀၀ ကျပ် ၊  ကြက်သွန်နီ(သေး) တစ်ပိဿာ ၂၀၀ ကျပ် သို့ ဈေးအသီးသီး မြင့်နေပါသည်။

ကြက်သွန်ဖြူ ဈေးနှုန်းအနေဖြင့် ကြက်သွန်ဖြူ (ကြူကုတ်) မှာ အရိုင်းမသန့်စင်မှီ တစ်ပိဿာ ၅၀၀၀ကျပ် ၊ သန့်စင်ပြီး တစ်ပိဿာ ၅၅၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။ 

ကြက်သွန်ဖြူ(မြေပြန့်) မှာ စတင်စိုက်ပျိုးစ ကာလဖြစ်၍ လက်ကျန် အရည်အသွေးပေါ် မူတည်၍ တစ်ပိဿာ အနိမ့်ဆုံး ၂၀၀၀ ကျပ် မှ အကောင်းဆုံး ၂၈၀၀ ကျပ် ဈေးရှိပါသည်။

ရှမ်းဖြူမှာလည်း အရည်အသွေးပေါ်မူတည်၍ တစ်ပိဿာ ၁၆၀၀ ကျပ်  မှ  ၂၃၀၀ ကျပ် ထိ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေပါသည်။ 

ငရုတ်ခြောက် ဈေးနှုန်းများအနေဖြင့် ငရုတ်ခြောက်(ရှည်) မှာ သာစည် ၊ ပျော်ဘွယ်မှ ဝင်ရောက်ပြီး တစ်ပိဿာ ၄၀၀၀ ကျပ် ၊ ရှမ်းပြည်ဘက်မှ ဝင်ရောက်သော ငရုတ်ခြောက်(လတ်) တစ်ပိဿာ ၄၈၀၀ ကျပ် ၊ ဧရာဝတီတိုင်း Aircon ဖြင့် ထားသော အပွသီး များ တစ်ပိဿာ ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ဖြင့် ရောင်းဝယ်နေပါသည်။

အာလူးများ အောင်ပန်းမှရော တရုတ်အာလူးများပါ ဝင်ရောက်မှုရှိသည်ကို တွေ့ရပြီး အဝင်နည်းခြင်းကြောင့် အိုကေ တစ်ပိဿာ ၂၀၀၀ ကျပ် မှ ၂၂၀၀ ကျပ် ၊ အေဝမ်း တစ်ပိဿာ ၁၇၀၀ ကျပ် မှ ၂၀၀၀ ကျပ် ၊ ဆွဲ တစ်ပိဿာ ၁၄၀၀ ကျပ် မှ  ၁၈၀၀  ကျပ်သို့ ဈေးမြင့်သွားပြီး  တရုတ်အာလူး  တစ်ပိဿာ  ၂၂၀၀ ကျပ်  ဈေးဖြင့်ရောင်း ဝယ်နေပါသည်။

-

သီရိမာလာဈေးရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေး သီရိမာလာဈေးတွင် ပန်းမျိုးစုံ ၊ ဟင်းသီး/ရွက် ၊ သားငါးဒိုင်များ ၊ ခရမ်းချဉ် ၊ ကြက်သွန်ပွဲရုံများဖြင့်  ရောင်းဝယ်နေကြပါသည်။ပ

န်းမုံလာ ၊ ဂေါ်ဖီထုတ် ပွဲရုံများတွင် ပြင်ဦးလွင်မှ အဝင်နည်းသဖြင့် ဂေါ်ဖီတစ်ထုတ်လျှင် ယခင်အပတ် ၇၀၀ ကျပ် မှ ယခုအပတ် ၁၃၀၀ ကျပ်ထိ ဈေးမြင့်သွားပါသည်။

ပန်းမုံလာမှာ ယခင်အပတ်ထက် ဝင်ရောက်မှုများသဖြင့် ၈၀၀ ကျပ် မှ ၆၀၀ ကျပ်သို့ ဈေးနိမ့်သွားပါသည်။

အင်းသီးများ အဝင်နည်းခြင်း ၊ လုံးခင်း ၊ မြစ်ကြီးနား တင်ပို့မှုရှိခြင်းကြောင့် ၂၀ ပိဿာ တစ်သေတ္တာလျှင် ၄၃၀၀၀ ကျပ်  ၊ ထိုင်ဝမ်သီးများလည်း မုံရွာဘက်မှ ဝင်ရောက်ခြင်းကြောင့် တစ်ပိဿာ ၂၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။

ပြင်ဦးလွင်မှ ထိုင်ဝမ်ပြောင်းများ အဝင်နည်းခြင်း ၊ ပစ္စည်းကောင်းရှားခြင်း ၊ လက်လီသမားအဝယ်များခြင်းကြောင့် ပြောင်းဖူး ၁၀၀ လျှင် ၁၈၀၀၀ ကျပ် မှ ၂၂၀၀၀ ကျပ်ထိ အရည်အသွေးပေါ်မူတည်၍ ရောင်းဝယ်နေပါသည်။

မိုးနည်းသွားသဖြင့် အထွက်နည်း ၊ အဝင်နည်းပြီး မုံလာဥနီ တစ်ပိဿာလျှင် ၂၂၀၀ ကျပ် ၊ ဘိုစားပဲသီး တစ်ပိဿာလျှင် ၁၁၀၀ ကျပ် မှ ၁၂၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။ မုံလာဥ ၅ဥတွဲ တစ်စီးလျှင် ၃၀၀ ကျပ် ၊ ခရမ်းသီး တစ်ပိဿာ ၅၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်နေပါသည်။

ငရုတ်စိုဈေးနှုန်းအနေဖြင့် မုံရွာ ၊ ချောင်းဦးမှ ငရုတ်စို(ရှည်) များ အဝင်များလာခြင်းကြောင့် ယခင်အပတ် တစ်ပိဿာ ၁၈၀၀ ကျပ် မှ  ၁၅၀၀  ကျပ် သို့ ဈေးနိမ့်သွားပြီး ငရုတ်စို(လတ်)မှာ ရန်ကုန်ဝယ်လက်စိုက်ခင်းဆင်း ဝယ်ယူမှုနည်းသွားခြင်းကြောင့် ပင်ရင်းဈေးနိမ့်ခြင်း ၊ ဗန်းမော် ၊ ကွပ်ခိုင် တင်ပို့ရမှုနည်းခြင်းကြောင့်  ယခင်အပတ် တစ်ပိဿာ ၃၀၀၀ ကျပ်  မှ ၂၄၀၀ ကျပ်သို့လည်းကောင်း ၊ မုံရွာ ၊ ကျောက်ဆည်ဘက်မှ အဝင်များခြင်းကြောင့် ငရုတ်စို(ပွ)မှာ ယခင်အပတ် တစ်ပိဿာ ၂၀၀၀ ကျပ် မှ ၁၃၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

မန္တလေး ပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင်ပဲမျိုးစုံရောင်းဝယ်မှုအနေဖြင့် မတ်ပဲမှာ စတင်စိုက်ပျိုးစကာလဖြစ်၍ လက်ကျန်များ အရည်အသွေးညံ့ခြင်း ၊အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်း တို့ကြောင့် ယခင်အပတ် ၁၃၅၀၀၀ ကျပ် မှ ၁၂၇၅၀၀ ကျပ် သို့ ဈေးနိမ့်သွားသည်။

ပဲတီစိမ်း (အညာ) မှာ  ရန်ကုန်ဝယ်လက် ၊  တရုတ်ဝယ်လက်  ပုံမှန်ရှိသော်လည်း အရည်အသွေးပေါ်မူတည်၍  ဈေးကွာခြားခြင်းကြောင့် ၁၂၇၃၃၀ ကျပ် မှ ယခုအပတ် ၁၂၀၅၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားပါသည်။

ပဲစဉ်းငုံ(နီ)များ ကျောက်ပန်းတောင်းဘက်မှ အဝင်ရှိသော်လည်း ၆၀ ပိဿာ ၁၀၀၀၀၀ ကျပ် ဈေးဖွင့်သော်လည်း ဝယ်ယူမှုနည်းသဖြင့် ဈေးပြတ်မှုမ ရှိသေးကြောင်း သိရသည်။

ပဲပုတ်(မြန်မာ) အသစ်ဝင်ရောက်မှု နည်းသေးခြင်း ၊ ပစ္စည်းလက်ကျန်နည်းခြင်းကြောင့် ယခင်အပတ် ၅၃.၂၅ ပိဿာ ၁၄၄၀၀၀ ကျပ် မှ ၁၅၆၅၀၀ ကျပ် သို့ ဈေးမြင့်လာသည်။

ကုလားပဲ(လုံးဝါကြီး/လုံးဖြူကြီး)တို့မှာ စတင် စိုက်ပျိုးစ ကာလဖြစ်ခြင်း  ၊  ပစ္စည်းရှားခြင်း ၊  မြို့တွင်းလုပ်ငန်းသုံး နှင့် ပဲခွဲစက်များ ဝယ်ယူမှုများခြင်း

ကြောင့် လုံးဖြူကြီး ယခင်အပတ် ၁၂၂၅၀၀ ကျပ် မှ ၁၂၇၅၀၀ ကျပ် သို့လည်းကောင်း ၊ လုံးဝါကြီး ၅၆.၂၅ ပိဿာ  ၁၀၉၀၀၀ကျပ် မှ ၁၀၉၅၀၀ ကျပ်သို့ အသီးသီး ဈေးမြင့်နေသည်။

အသစ်မဝင်သေးခြင်း၊ အရောင်းအဝယ်အေးခြင်း ၊ ပစ္စည်းရှားခြင်းတို့ကြောင့် မြေတောက်ပဲ ၅၄ ပိဿာလျှင် ၁၅၇၅၀၀ ကျပ် ၊

စားတော်ပဲ(ကျွန်း) ၅၉.၂၅ ပိဿာ  ၂၂၀၀၀၀ ကျပ်ဖြင့်လည်းကောင်း ၊ ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၁၃၀၀၀၀ ကျပ် ၊ ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ထောပတ်ပဲ(သေး)မှာ မြို့တွင်းလုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ၅၆.၂၅ ပိဿာ ၉၀၀၀၀ ကျပ် မှ ၈၉၀၀၀ ကျပ်သို့ ဈေးနိမ့်နေသည်။

ပဲယင်းမှာလည်း ပဲခွဲစက်နှင့် ကြာဇံသမားအဝယ်နည်းခြင်း ကြောင့် ၁၁၀၀၀၀ ကျပ် မှ  ၁၀၉၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

ပဲလွန်းဖြူမှာ  စတင်စိုက်ပျိုးစ ကာလဖြစ်ခြင်း ၊ ပစ္စည်းရှားခြင်း ၊ အသစ်ဝင်ရောက်သော်လည်း အဝင်နည်းခြင်း တို့ကြောင့် ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ် မှ  ၁၅၇၅၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

ပဲလွန်းပြာမှာ အသစ်မဝင်သေးခြင်း ၊ လက်ကျန်အရည်အသွေးညံ့ခြင်းတို့ကြောင့် ၅၄.၂၅ ပိဿာ ၉၂၅၀၀ ကျပ် မှ ၈၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားကြောင်းသိရပါသည်။

Market Information Service- DOP- MOALI

Read times
Rate this item
(0 votes)