Myanmar



မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

21 7 2023

မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက် မြေပဲ (လုံးဆံ/ဆီဆံ) မှာ ဆောင်းလက်ကျန်နည်း၍ မိုးမြေပဲမထွက်သေးသော်လည်း အရောင်းအဝယ်အေး ခြင်း၊ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် မြေပဲ(လုံးဆံ) ၁၀၀ ပိဿာ လျှင် ယခင်အပတ် အရည်အသွေးအကောင်းဆုံး ၇၀၀၀၀၀ ကျပ်မှ ယခုအပတ် ၆၈၀၀၀၀ ကျပ်သို့လည်းကောင်း မြေပဲ (ဆီဆံ) မှာ ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၁၀၀ ပိဿာ လျှင် ယခင်အပတ် အရည်အသွေး အကောင်းဆုံး ၆၅၀၀၀၀ ကျပ်မှ ယခုအပတ် ၆၃၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

နှမ်းမျိုစုံအနေဖြင့် နှမ်းဖြူမှာ မိုးနှမ်းဝင်ချိန်နီးခြင်း၊ ဆောင်းလက်ကျန်နည်းခြင်း၊ လုပ်ငန်း သမားနှင့် တရုတ်ဝယ်လက်ရှိခြင်းတို့ကြောင့် ၄၅ ပိဿာ ယခင်အပတ် ၃၄၅၀၀၀ ကျပ်မှ ၃၅၀၀၀၀ ကျပ် သို့ ဈေးမသိမသာ မြင့်သွားပြီး နှမ်းညိုမှာ ဆီစက်သမား ပုံမှန်အဝယ်ရှိခြင်း၊ မိုးနှမ်းမဝင်သေးခြင်း ကြောင့် အရည်အသွေးအကောင်းဆုံး ၂၇၅၀၀၀ ကျပ်မှ ၂၉၀၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ နှမ်းနက်မှာ အရောင်းအဝယ်ဖြစ်မှုနည်းခြင်းကြောင့် ယခင်အပတ်ဈေးနှုန်း ၃၂၀၀၀၀ ကျပ်ဖြင့် တည်ငြိမ်နေသည်။

 

ပန်းနှမ်းဈေးနှုန်းအနေဖြင့် ရောဆီအဖြစ်သုံးရန် အဝယ်နည်းခြင်းကြောင့် အရောင်းအဝယ် အေးသော်လည်း လက်ကျန်နည်းခြင်းကြောင့် ၄၅ ပိဿာ ၁၈၅၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ် နေသည်။
နေကြာဈေးနှုန်းအနေဖြင့် လက်ကျန်နည်းခြင်း၊ မိုးနေကြာမဝင်သေးခြင်း၊ ဆီစက်သမား အဝယ် ပုံမှန်ရှိခြင်းကြောင့် ၂၇ ပိဿာ ၁၁၅၀၀၀ ကျပ် အမြင့်ဈေးဖြင့် တည်ငြိမ်နေသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 29 July 2023 06:01
Rate this item
(0 votes)