Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးဈေးကွက်ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

မန္တလေးဈေးကွက်ရောင်းဝယ်ဖောက်ကားမှုအခြေအနေ

ဆီထွက်သီးနှံနှင့်ဆီဈေးကွက်အခြေအနေ

 မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲ(လုံးဆန်)မှာ မိုးမြေပဲအဝင်နည်း ၊ ပစ္စည်းရှားခြင်း ၊ ဆောင်းမြေပဲမဝင်သေးခြင်းကြောင့် ၁၀၀ ပိဿာလျှင် ၃၀၀၀၀၀ ကျပ် ၊ အနီဆံ ၁၀၀ ပိဿာ ၂၇၅၀၀၀ ကျပ်သို့ ဈေးမြင့်နေပြီး မြေပဲ(ဆီဆန်)မှာ မြင်းမူဆံ ပစ္စည်းရှားခြင်း ၊ ဆောင်းပဲမဝင်သေးခြင်း ၊ ဆီစက်သမားအဝယ်ရှိခြင်းကြောင့် ၁၀၀ ပိဿာ ယခင်အပတ် ၂၆၅၀၀၀ ကျပ် မှ ယခုအပတ် ၂၇၅၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

+

နှမ်းအုပ်စုအနေဖြင့် နှမ်းဖြူမှာ အသစ်ဝင်ရောက်မှုရှိခြင်း ၊ အရည်အသွေးကောင်းခြင်း ၊ ငွေဈေးမြင့်ခြင်း ၊ တရုတ်ဝယ်လက်ဝယ်ယူမှုရှိခြင်းတို့ကြောင့် ယခင်အပတ် ပျမ်းမျှ ၁၂၉၃၀၀ ကျပ် မှ ယခုအပတ် ၄၅ ပိဿာ လျှင် ၁၄၆၅၀၀ ကျပ် သို့လည်းကောင်း ၊ နှမ်းညိုမှာလည်း ဆီစက်သမားအဝယ်ရှိခြင်း ၊ အက်ဆစ်ပါဝင်မှုပေါ်မူတည်၍ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသော ယခင်အပတ် အဟောင်းဈေး ၁၂၁၆၆၀ ကျပ် မှ ယခုအပတ် ၄၅ ပိဿာလျှင် ၁၂၆၅၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

နှမ်းနက် ၄၅ ပိဿာ ယခင်အပတ် ပျမ်းမျှဈေး ၁၂၀၆၆၀ ကျပ် မှ ယခုအပတ် ၁၃၅၀၀၀ ကျပ် ၊ နှမ်းဝါ ၄၅ ပိဿာ ၁၂၂၀၀၀ ကျပ် ဈေးအသီးသီး   မြင့်လာသည်။

ပန်းနှမ်းမှာ  အသစ်  ဝင်ရောက်မှုရှိခြင်း ၊   ဆီစက်သမား ဝယ်ယူမှုရှိခြင်းကြောင့် ယခင်အပတ် ၇၉၅၀၀ ကျပ် မှ ယခုအပတ် ၄၅ ပိဿာ ၈၆၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

နေကြာမှာမူ   ဆီစက်သမား  အဝယ်နည်းပြီး  နေကြာစေ့သမား အဝယ်အနည်းငယ်သာရှိသဖြင့် ယခင်အပတ် ၂၇ ပိဿာ ၅၆၀၀၀ ကျပ် မှ ယခုအပတ် ၅၅၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ 

 ဆီဈေးနှုန်းများအနေဖြင့် နှမ်း ၊ မြေပဲ ဈေးများမြင့်သော်လည်း စားသုံးမှုပုံမှန်သာရှိခြင်း၊ လက်ကျန်ဆီများဖြစ်ခြင်းကြောင့် ပဲဆီတစ်ပိဿာ ၅၅၀၀ ကျပ် မှ ၆၀၀၀ ကျပ် ၊ နှမ်းဆီ ၆၀၀၀ ကျပ် ၊ ပဲပုတ်ဆီ ၃၅၀၀ ကျပ် ၊ နေကြာဆီ ၆၀၀၀ ကျပ် မှ ၆၅၀၀ ကျပ် ၊ မုန်ညှင်းဆီ ၅၂၅၀ ကျပ် ၊ စားအုန်းဆီ 

၄၇၉၀ ကျပ် ဈေးအသီးသီးဖြင့် ဈေးတည်ငြိမ်နေပါသည်။

+

စားဖိုဆောင်သီးနှံရောင်းဝယ်မှုအခြေအနေ

 စားဖိုဆောင်သီးနှံများအနက် ကြက်သွန်နီဈေးနှုန်းမှာ ယခုအပတ် မြစ်သား ၊ ရွှေဘိုတို့မှ  အဝင်များပြီး ဖားကန့် ၊ တနိုင်း ၊ မဘိန်း စသော ဒေသများသို့ တင်ပို့မှုရှိသဖြင့် ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၉၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၇၀၀ ကျပ် ၊ သေး တစ်ပိဿာ ၄၀၀ ကျပ်ဖြင့် ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေသည်။

ကြက်သွန်ဖြူ(တရုတ်)အဝင်များခြင်း ၊ မြို့တွင်းသုံးစွဲမှု ပုံမှန်ဖြစ်ခြင်းကြောင့်  တစ်ပိဿာ ၄၅၀၀ ကျပ် မှ ၄၀၀၀ ကျပ် သို့ ဈေးနိမ့်သွားပြီး ရှမ်းကြက်သွန်ဖြူ အသစ်မဝင်သေးခြင်း ၊ လက်ကျန်အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် တစ်ပိဿာ ၁၂၀၀ ကျပ်  မှ  အကောင်းဆုံး တစ်ပိဿာ ၃၀၀၀ ကျပ်  ဈေးဖြင့် ရောင်းဝယ်နေပါသည်။

ကြက်သွန်ဖြူ(မြေပြန့်) မှာ အသစ်မဝင်သေးဘဲ ပစ္စည်းရှားနေပါသည်။

အာလူးဈေးနှုန်းအနေဖြင့်  အောင်ပန်းအာလူးများ အဝင်နည်းခြင်းကြောင့် အိုကေတစ်ပိဿာ ၂၂၀၀ ကျပ် ၊ အေဝမ်း တစ်ပိဿာ ၁၈၀၀ ကျပ် ဈေးရှိ

ပြီး  တရုတ်အာလူးများ  အဝင်များပြီး  တစ်ပိဿာ  ၁၇၀၀  ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်မှု များနေပါသည်။

ငရုတ်ခြောက်(ရှည်) တစ်ပိဿာ ၄၅၀၀ ကျပ် ၊ အညှာကြွေ ၅၅၀၀ ကျပ် ၊ ငရုတ်ခြောက်(ပွ) ၈၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ် ၊ ငရုတ်ခြောက်(လတ်) တစ်ပိဿာ ၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

+

သစ်သီးဝလံရောင်းဝယ်မှုအခြေအနေ

 မန္တလေးဈေးကွက်တွင် ယခုအပတ် သခွားမွှေးများ မန္တလေးဝန်းကျင်မှ ဝင်ရောက်ပြီး အရည်အသွေးပေါ်မူတည်၍ ၅၀၀ ကျပ် မှ ၈၀၀ ကျပ် ၊ ဖရဲသခွား(ဈေးကွက်အခေါ်)ဟူခုန်းသီးများ တစ်လုံး ၁၈၀၀ ကျပ် ဖြင့် လက်လီသမား နယ်စုံတင်ပို့ရန်နှင့် ရံဖန်ရံခါ မူဆယ်တင်ပို့ရန် ဝယ်ယူမှုရှိပါသည်။

ယခုအပတ်တွင် မန္တလေးဝန်းကျင်နယ်များမှ ဇီးပန်းသီးများ ဝင်ရောက်ပြီး အလုံးရေ ၁၀၀ နီးပါး ရှိသော ဂျပ်ဖာတစ်ခုလျှင် ၈၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။

ရွာငံဘက်မှ ထောပတ်သီးများလည်း ပိုက်အိတ်များဖြင့်ထည့်ကာ အသီးအရည်အသွေးပေါ်မူတည်၍ တစ်အိတ် အလုံးကြီးပါက ၇၀ခန့် ၊ အလုံးသေးပါက ၁၀၀ ကျော် ခန့်ပါဝင်ပြီး တစ်အိတ်လျှင် ၃၅၀၀၀ ကျပ် မှ ၃၈၀၀၀ ကျပ်ရှိပြီး ကောလင်း ၊ မုံရွာသို့ တင်ပို့ကြောင်းသိရသည်။

ယိုးဒယား ၊ ပန်းသီး အကြွပ်သီးအိတ်စွပ်များ ၊ ဂျပ်ဖာများ ၊ ပလတ်စတစ်ခြင်းများ အလုံးသေးပါက ပိုက်အိတ်များဖြင့် လှိုင်လှိုင်ဝင်ရောက်ပြီး အလုံး ၁၀၀ ပါ ပလတ်စတစ်ခြင်းတစ်ခုလျှင် ၁၈၀၀၀ ကျပ် ၊ လိမ္မော်သီး ၁၀၀ ပိဿာ ၁၈၀၀၀၀ ကျပ်  မှ  ၂၀၀၀၀၀ ကျပ် ဈေးအသီးသီးဖြင့် အရည်အသွေးပေါ် မူတည်ရောင်းချနေပါသည်။

ရွာငံ ၊ သီပေါ နာနတ်သီးများ လှိုင်လှိုင်ဝင်ရောက်ပြီး မြို့တွင်းစားသုံးမှုနှင့် နာနတ်ယိုသမား ၊ လက်လီသမားအဝယ်သာရှိ၍တစ်လုံး၂၀၀ ကျပ် မှ ၃၀၀ ကျပ် သာရှိပါသည်။

 သင်္ဘောသီးအရည်အသွေးကောင်းရှားခြင်းကြောင့် တစ်လုံး ၆၀၀  ကျပ် ဖြင့် လက်လီသမားဖျော်ရည်သမား ဝယ်ယူမှုသာ ရှိကြောင်းသိရသည်။

+

ပဲမျိုးစုံရောင်းဝယ်မှုအခြေအနေ

 မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံအနက် မတ်ပဲဈေးနှုန်းမှာ မတ္တရာ နှင့် အညာတစ်ခွင်မှ ဝင်ရောက်ပြီး အရည်အသွေးကောင်းခြင်း ၊ ရန်ကုန်ဝယ်လက် နှင့် လှောင်သမား အဝယ်သာရှိခြင်းကြောင့် ၆၀ ပိဿာ ၁၂၂၅၀၀ ကျပ် မှ ၁၃၄၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာလည်း အသစ်များဝင်ရောက်ပြီးအရည်အသွေးကောင်းခြင်း ၊ ရန်ကုန်ဝယ်လက်ရှိခြင်း ၊ လှောင်သမား ဝယ်ယူမှုရှိခြင်းကြောင့် ပဲစဉ်းငုံ(နီ)၆၀ ပိဿာ ယခင်အပတ် ၁၁၈၀၀၀ ကျပ် မှ ယခုအပတ် ၁၂၆၅၀၀ ကျပ် ၊ ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ယခင်အပတ် ၁၀၇၀၀၀ ကျပ် မှ ယခုအပတ် ၁၂၅၅၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ ပဲပုတ်(မြန်မာ) အသစ်မဝင်သေးခြင်း ၊ ပဲပုတ်(ရှမ်းတောင်) မဝင်သေးခြင်း ၊ အနီးဝန်းကျင်မှထွက်သော ပဲပုတ်များ အလှနည်း ၊ အရည်အသွေးပေါ်မူတည်၍ ဈေးကွာခြားခြင်းကြောင့် ပဲပုတ်(မြန်မာ) ၅၃.၂၅ ပိဿာ ၁၇၂၅၀၀ ကျပ် ၊ ပဲပုတ်(ရှမ်း) ၅၃.၂၅ ပိဿာ ၁၀၁၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ကုလားပဲအုပ်စုမှာ လုံးဖြူကြီး ပစ္စည်းရှားခြင်း ၊ မြို့တွင်းလုပ်ငန်းသမား အဝယ်နည်းသဖြင့် အရောင်းအဝယ်ဖြစ်မှုနည်းပြီး ၅၇.၂၅ ပိဿာ ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး လုံးဝါကြီး နှင့် ခွဲခြမ်း မှာ စက်သမားဝယ်ယူမှုရှိခြင်းနှင့် အသစ်မဝင်သေးခြင်းကြောင့် ၅၇.၂၅ ပိဿာ လုံးဝါကြီး ၁၂၆၀၀၀ ကျပ် သို့လည်းကောင်း ၊ ခွဲခြမ်းတစ်ပိဿာ ၃၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။စစ်ကိုင်း ၊ မုံရွာ ၊ ကျောက်ပန်းတောင်းတို့မှ ပဲယင်းအသစ်များ ဝင်ရောက်ပြီး အသစ် ၆၀ ပိဿာ ၁၀၉၀၀၀ ကျပ်  ၊ အဟောင်း ၆၀ ပိဿာ ၉၇၅၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ်အေးနေသည်။စားတော်ပဲ(ကနေဒါ) ပစ္စည်းရှားခြင်း ကြောင့် ၅၉.၂၅ ပိဿာ  ၁၈၀၀၀၀  ကျပ်ဖြင့်  ဈေးတည်ငြိမ်နေပြီး  စားတော်ပဲ (ကျွန်း) မှာ   အသစ်ဝင်ရောက်မှု ရှိခြင်းကြောင့် ၅၉.၂၅ ပိဿာ ၃၀၀၀၀၀ ကျပ် မှ ၂၆၅၀၀၀ ကျပ်သို့ ဈေးနိမ့်နေသည်။ထောပတ်ပဲ(ကြီး/သေး) ၊ ပဲကြီး ( ကြီး / သေး) တို့မှာ အသစ်အဝင်နည်းသေးခြင်း၊ လက်ကျန်နည်းခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့်  ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၅၅၀၀၀ ကျပ် ၊ ပဲကြီး(သေး) ၂၂၂၅၀၀ ကျပ် ၊ ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၁၂၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပါသည်။

ပဲတီစိမ်း(အညာ)မှာဆီအုန်းစိုက်ခင်းများတွင်း ပြန်စိုက်သော  အခင်းများမှ ထွက်သဖြင့် အလှနည်းကာ အရည်အသွေးပေါ်မူတည်၍ ၅၆.၂၅ ပိသာ ၁၁၈၀၀၀ ကျပ် မှ ၁၂၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေသည်။

ပဲလွန်းဖြူမှာ အသစ်မဝင်သော်လည်း အဝင်နည်းခြင်း ၊ တရုတ်ဝယ်လက်ရှိခြင်း ၊ လှောင်သမားအဝယ်ရှိခြင်းကြောင့် ၆၀ ပိဿာ ၁၁၄၀၀၀ ကျပ် မှ ၁၂၂၆၆၀ ကျပ် သို့ ဈေးမြင့်လာကြောင်းသိရသည်။

+

ဟင်းသီး/ရွက်ဈေးကွက်အခြေအနေ

 ဟင်းသီး / ရွက်  ရောင်းဝယ်မှုအနေဖြင့် အောင်ပန်းဂေါ်ဖီထုပ်များ  အရည်အသွေးပေါ်မူတည်၍ ၈၀၀ ကျပ်မှ ၁၂၀၀ ကျပ် ဖြင့် ရောင်းဝယ်နေသည်။

ပန်းမုံလာနှစ်မျိုး ယှဉ်ပြိုင်ဝင်ရောက်ပြီး အောင်ပန်းမှ ဝင်ရောက်သော ပန်းမုံလာအရွယ်ငယ်သဖြင့် ၅၀၀ ကျပ် ၊ မြင်းခြံ ၊ ရေဦး ပန်းမုံလာ မြေပြန့်မှာ အရည်အသွေးကောင်း ၊ အပွင့်ကြီးသဖြင့် တစ်ပွင့် ၈၀၀ ကျပ် ဈေးရှိသည်။ဘိုစားပဲသီးများ အဝင်များလာခြင်းကြောင့် တစ်ပိဿာ ၁၈၀၀ ကျပ် မှ ၁၂၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

မုံလာဥနီများ ပြင်ဦးလွင်မှ အထွက်များ ၊ အဝင်များပြီး ရာသီဥတုကြောင့် အရည်အသွေးကွာခြားမှုရှိသဖြင့် အကောင်းဆုံး တစ်ပိဿာ ၁၅၀၀ ကျပ်မှ အညံ့ဆုံး တစ်ပိဿာ ၉၀၀ ကျပ် ဈေးဖြင့် ရောင်းဝယ်နေပါသည်။

ကိုင်းကျွန်းဘက်မှ ထိုင်ဝမ်ပြောင်းနှင့် ရှမ်းပြောင်းများ ယှဉ်ပြိုင်ဝင်ရောက်ပြီး ထိုင်ဝမ်ပြောင်း ၁၀၀ဖူးလျှင် အရည်အသွေးပေါ်မူတည်၍ ပျမ်းမျှ ၁၅၀၀၀ ကျပ် ၊ ရှမ်းပြောင်း ၁၀ဖူး ၁၆၀၀၀ ကျပ်ဈေးဖြင့် ရောင်းဝယ်မှုရှိသည်။ငရုတ်စို(ရှည်)များ မုံရွာ ၊ ချောင်းဦးမှ အဝင်များသဖြင့် တစ်ပိဿာ ၁၀၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၁၅၀၀ ကျပ် ၊ ကျောက်ဆည်ပွ တစ်ပိဿာ ၁၂၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး မြို့တွင်းငပိထောင်း ၊ လက်ဖက်လုပ်ငန်းသမားနှင့် ၁၇ ပိဿာ ဝင်ခြင်းများ ဖြင့် ရံဖန်ရံခါ ဗန်းမော်သို့ တင်ပို့မှုရှိကြောင်း သိရသည်။

Market Information Service- DOP- MOALI

Read times
Rate this item
(0 votes)