Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်ကြမ်း/ချောများ တစ်အိတ် ကျပ် ၂၃၅၀၀ မှ ကျပ် ၅၄၀၀၀ ဈေးဖြင့် ဝါးတန်းဆန်ကုန်စည်ဒိုင်မှာ ရောင်းချလျက်ရှိ

ရွှေဘိုပေါ်ဆန်း၊ ရက် ၉၀ စသည့် အမျိုးအစားအလိုက် ဆန်ကြမ်း၊ ဆန်ချောများကို တစ်အိတ်လျှင် ကျပ် ၂၃၅၀၀ မှ ကျပ် ၅၄၀၀၀ အထိ စျေးနှုန်းဖြင့်

တစ်ဦးလျှင် တစ်အိတ်မှ ငါးအိတ်အထိ စက်တင်ဘာ ၁၄ ရက်မှစ၍ ၀ါးတန်းဆန်ကုန်စည်ဒိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် ဆန်စပါးကုန်စည်ဒိုင်(၀ါးတန်း)၊ ကုန်စည်ဒိုင် ရှိကုန်သည်များ၊ အကျိုးဆောင်များ၏ ပူးပေါင်းစီစဉ်မှုအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများအတွက် ဆန်များကို စျေးနှုန်းသက်သာစွာရောင်းချပေးနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

ဧရာဝတီပေါ်ဆန်းအမျိုးမျိုး၊ရွှေဘိုပေါ်ဆန်း၊ ပေါ်ကျွဲ၊ ရက် ၉၀၊ ကောက်ညှင်းစသော ဆန်အမျိုးအစားများကို အထူးသက်သာသော စျေးနှုန်းများဖြင့် ခင်းကျင်းရောင်းချပေးသွားရန် စီစဉ်ထားသည်ဟုသိရသည်။

ဆန်အမျိုးအစားကိုလိုက်၍ တစ်အိတ်လျှင် ၂၃၅၀၀ ကျပ်မှ ကျပ် ၅၃၀၀၀၊ ၅၄၀၀၀ ကျပ်အထိ စျေးနှုန်းအမျိုးမျိုးရှိကာ အရည်အသွေးမှန်ပြီး သက်သာသောစျေးနှုန်း ဖြစ်စေရန် အထူးစီစဉ်ဆောင်ရွက်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

ဝယ်ယူလိုသူများအနေဖြင့် တစ်ဦးလျှင် ၁၀၈ ပေါင် ဆန်အိတ်တစ်အိတ်မှ ငါးအိတ်အထိ ဝယ်ယူနိုင်ကြောင်း၊ အဆိုပါအစီအစဉ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်၊ အင်္ဂါ နေ့မှစတင်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ၀ါးတန်းကုန်စည်ဒိုင်တွင် လာရောက်၍ မိမိကြိုက်နှစ်သာ ဆန်အမျိုးအစားများကို ရွေးချယ်ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ၏ လိပ်စာအနေဖြင့် အမှတ် ၁၀၀၊ လမ်းသစ်လမ်းနှင့် ၀ါးတန်းလမ်းကြား (ကွန်ကရစ်အမြန် လမ်းမဘေး)၊ဆိပ်ကမ်းနယ်မြေ၊လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့သို့ လာရောက်ဝယ်ယူ နိုင်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများကို ဆန်ကြမ်းတစ်ပြည်ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀ ၊ ဆီ ၅၀ သားတစ်ဗူးလျှင် ကျပ် ၁၈၅၀၊ ကြက်ဥ ၁၀ လုံးတစ်ကဒ်လျှင် ကျပ် ၁၂၀၀ ဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန် Exporter ကုမ္ပဏီကြီးများမှ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ လှည်းကူးမြို့နယ်၊ မှော်ဘီ၊ တိုက်ကြီး၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များတွင် ရောင်းချပေးခဲ့သည်။

စက်တင်ဘာ ၆ ရက်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ သာကေတနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင်လည်းကောင်း၊စက်တင်ဘာ ၄ ရက်က ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်၊ အလုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ်တွင်လည်းကောင်း အသီးသီးရောင်းချပေးခဲ့သည်။

ရန်ကုန်မြို့သို့ ဆန်များ ပုံမှန်ပြန်လည် ဝင်ရောက်စေရေးနှင့် ဆန်စျေးတည်ငြိမ်စေရေးအတွက် ကိုဗစ်-၁၉ ကြောင့် ပိတ်ထားသည့် ဆန်စပါးကုန်စည်ဒိုင်(၀ါးတန်း)ကို သြဂုတ် ၁၆ မှစတင်ကာ ပုံမှန်ပြန်ဖွင့်ပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း၊ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကော်မတီက ကြေညာထားသည်။

news-eleven.com

 


စားသုံးသူပြည်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချမှုအစီအစဉ်

၁။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း Myanmar Rice နှင့် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) တို့၏ ပူးပေါင်းညှိနှိုင်းစီစဉ်မှုအရ ရန်ကုန်တိုင်းအတွင်းရှိ စားသုံးသူ ပြည်သူများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ဆန်ရောင်းချမှု အစီအစဉ်ကို (၁၄.၉.၂၀၂၁) ရက်နေ့မှ စတင်ပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဆန်ဝယ်ယူသူများအနေဖြင့် မိမိတို့ကြိုက်နှစ်သက်သည့် ဆန်အိတ် (၁) အိတ်မှ (၃) အိတ်အထိ ဝယ်ယူရရှိနိုင်ပါသည်။ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး လျက်ရှိသော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများမှာ (၁၀၈) ပေါင်တစ်အိတ်လျင်-
ရွှေဘိုပေါ်ဆန်း - ၅၂၀၀ဝိ/- ကျပ်
ဧရာဝတီ ပေါ်ဆန်း - ၄၂၀၀ဝိ/- ကျပ်
ဧရာမင်း ၅% - ၄၂၀၀ဝိ/- ကျပ်
ရက် (၉၀) - ၂၇၅၀ဝိ/- ကျပ်
ဧည့်မထ - ၂၄၀၀ဝိ/- ကျပ် ဖြစ်ပါသည်။

၂။ အဆိုပါ အစီအစဉ်အရ ဆန်များကို နေ့စဉ် နံနက် (၉:၀၀) နာရီမှ ညနေ(၃:၀၀) နာရီအတွင်း ဝါးတန်းကုန်စည်ဒိုင်တွင် လာရောက်ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 
Read times Last modified on Wednesday, 15 September 2021 14:28
Rate this item
(0 votes)