Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မိုးညှင်းတွင် မိုးသီးများကြွေကျ၍ ရာသီပေါ်သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီး

မိုးညှင်းတွင် မိုးသီးများကြွေကျ၍ ရာသီပေါ်သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီး


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြိုနယ် ကာဒူကျေးရွာပတ်ဝန်းကျင်တွင် ဇန်နဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခဲ့သဖြင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ပြာသိုလပြည့်နေ့မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်းခဲ့လို ကာဒူကျေးရွာပတ်ဝန်းကျင်ရှိ စိုက်ခင်းတွေမှာ စိုက်ပျိုးထားတဲ့ မုန့်ညှင်းပင်၊ ဘူးသီးပင်၊ ပန်းမုံလာပင်နဲ့ မုန်လာထုပ်အပင်တွေ မိုးသီးများထိမှန်လို အနည်းငယ်စီ ပျက်စီးခဲ့တာတွေ့ရပါတယ်၊ နေ့လယ် (၂)နာရီလောက်မှာ မိုးခြိမ်းသံတွေနဲ့အတူ မိုးတိမ်တွေမည်းတက်လာပြီး မထင်မှတ်လောက်အောင် မိုးသည်းထန်ပြီး မိုးသီးတွေကျလာတော့ စိုက်ခင်းအများအပြား ပျက်စီးဆုံးရှုးမှုဖြစ်ခဲ့ပါတယ်” ဟု ကာဒူကျေးရွာသွားလမ်းပေါ်ရှိ ရွှေပေါက်ကံကျေးရွာနေ ဦးထွေးသိန်းက ပြောပြသည်။

မိုးညှင်းမြိုနယ်အတွင်း ယခင်နှစ်များက ပြာသိုလတွင် ရာသီမိုးအဖြစ် မိုးဖွဲမျှသာရွာလေ့ရှိသော်လည်း ယခုနှစ် ပြာသိုလပြည့်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောပြချက်အရ သိရသည်။

 

MDN

Read times
Rate this item
(0 votes)