Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ကြီးငါးပေါင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ မိမိတို့အိမ်တွင် ပင်လယ်စာစားချင်သူများအတွက်

ပြည်ကြီးငါးပေါင်း ပြုလုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ပြည်ကြီးငါး၊ ငရုတ်သီးအစိမ်းမှုန့်၊ ပဲငါးပိအစပ်၊ ဂျင်း၊ မဆလာ၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း၊ ကော်မှုန့်၊ သကြား၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ဆား တို့ လိုအပ်ပါတယ်။

ပထမဦးဆုံး ပြည်ကြီးငါးများကို အညစ်အကြေးများ ထုတ်လိုက်၍ ရေစင်အောင်ဆေးကြောထားပါ။ ပြည်ကြီးငါးကို အတုံးကလေးများ လှီးထားပါ။

ယင်းအတုံးငယ်ကလေးများကို ဆား၊ ကော်မှုန့်၊ ဟင်းခတ်မှုန့်တို့နှင့် နယ်ထားပါ။

ပြီးလျှင် ပါဝင်သောပစ္စည်းများကို အကုန်ရောထည့်ပြီး ပေါင်းအိုးထဲထည့်၍ ရေနွေးဆူဆူဖြင့် ၅ မိနစ်ခန့်ပေါင်းပေးထားပါ။

ပေါင်းပြီးလျှင် ထမင်းပူပူနှင့် ပြည်ကြီးငါးပေါင်းကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 17:37
Rate this item
(2 votes)