Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မုဒုံမြိုနယ်တွင် ဂန္ဓမာပန်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ

မုဒုံမြိုနယ်တွင် ဂန္ဓမာပန်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချ


မွန်ပြည်နယ် မုဒုံမြိုနယ် ကော့ခိုက်ကျေးရွာတွင် ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ်စိုက်ပျိုးကြပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါ ကျေးရွာနေ ပန်းစိုက်တောင်သူများထံမှ သိရသည်။

“ကျွန်တော်တို ပန်းပျိုးပင်တွေကို တစ်လအကြာ ပျိုးထားပြီး စစိုက်တဲ့အချိန်မှ နှစ်လခန့်ကြာတွင် နုတ်ယူရောင်းချလိုရပါတယ်၊ အခု ပန်းပင်သုံးသောင်းကျော်ကို စိုက်ပျိုးကုန်ချစရိတ် သုံးသိန်းဝန်းကျင်ရှိပြီး တစ်နေ့ကို ငွေကျပ်သုံးသောင်းနီးပါး ရရှိပါတယ်၊ ဂန္ဓမာပန်းများမှာ တစ်ရိုးတစ်ပွင့်ပန်းနှင့် အခိုင်လိုက်ထားတဲ့ပန်းဆိုပြီး နှစ်မျိုးရှိပါတယ်၊ ဂန္ဓမာပန်း၊ ကြွေဖြူ၊ ရွှေဝါ စတဲ့ ဂန္ဓမာပန်းအမျိုးအစားတွေကို အဓိကစိုက်ပါတယ်၊ မိုးတွင်းအချိန်မှာဆိုရင် ပန်းပင်တွေကို အမိုးမိုးစိုက်ရတဲ့အတွက်ကြောင့် အမြတ်နည်းပါတယ်၊ နွေရာသီကာလမှာဆိုလည်း ရေပြသနာကြောင့် နည်းနည်းပါးပါးပဲ စိုက်ပါတယ်၊ ယခုလိုအချိန်မှာ ပန်းကအထွက်များပြီး စိုက်ရတာအဆင်ပြေပါတယ်” လို အဆိုပါကျေးရွာမှ ပန်းစိုက်တောင်သူ ဦးဝင်းဋ္ဌေးက ပြောသည်။

မုဒုံမြိုနယ် ကော့ခိုက်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းတွင် ပန်းများကို အဓိကထား စိုက်ပျိုးလုပ်ကိုင်ကြပြီး မေမြိုပန်း၊ ဂန္ဓမာပန်း၊ ရွှေဝါပန်း စသည့်ပန်းအမျိုးအစားများကို မိမိတို၏ ခြံဝင်း၊ လယ်ယာမြေများတွင် တစ်ပိုင်တစ်နိုင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရသည်။

 

MDN

Read times
Rate this item
(0 votes)