Myanmar



ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်များ ထုတ်ရောင်းရန် စီစဉ်သွားမည်

ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်များ ထုတ်ရောင်းရန် စီစဉ်သွားမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

MRF Myanmar Rice Federation

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

 

သတင်းထုတ်ပြန်ကြေညာချက်အမှတ် (၂/၂၀၂၃)

 

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်

 

ဆန်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်များ ထုတ်ရောင်းရန် စီစဉ်သွားမည်

 

၁။ ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသော အရန်ဆန်များ၊ အခြားသောအစီအစဉ်ဖြင့် စီစဉ်ထားသော အရန်ဆန်များအား ဈေးကွက် အတွင်းသို့ အမြန်ဆုံး ထည့်သွင်းရောင်းချသွားမည်ဖြစ်ပါသည်။

 

၂။ ကနဦး အနေဖြင့် (၂၅% အဆင့် - Single Polished & Sorted) ၅၀ ကီလိုအိတ်၊ အိတ်ရေ (၅၀၀၀၀) ကို ဦးစွာ ထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံ တိုးမြှင့်ရောင်းချရေးစီမံသွားမည်ဖြစ်ပါသည်။

 

၃။ အသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက်လည်းကောင်း၊ စားသုံးသူပြည်သူများ အတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြစ်စေရေးအတွက် လိုအပ်သည်များကို ပုဂ္ဂလိကအခန်းကဏ္ဍမှနေ၍ စီစဉ်သွားမည်ဖြစ်ပါကြောင်း နှင့် သိုလှောင်ရုံ မှတ်ပုံတင်မှု၊ သိုလှောင်ရုံစစ်ဆေးမှုများ ကိုလည်း ဆက်လက် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

၄။ မြန်မာနိုင်ငံအနေဖြင့် ဆန်ဖူလုံမှုအပြည့်အဝရှိပြီး၊ ပိုလျှံမှုကိုပြည်ပသို့ စနစ်တကျတွက်ချက် တင်ပို့ရောင်းချ နေခြင်းဖြစ်ပါသည်။ လတ်တလော ပြည်တွင်းဆန်စပါးဖူလုံမှု၊ လုံလောက်မှုအပြည့်အဝရှိနေသည့်အတွက် လည်းကောင်း၊ လျှပ်စစ်ပိုမိုရရှိ၍ ဆန်စက်များ လည်ပတ်ချိန်ပိုများလာသည့်အတွက်လည်းကောင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စပါးရိတ်သိမ်းချိန်၊ စပါးပေါ် ထွက်နေဆဲဖြစ်၍ ဆန်ဈေး၊ စပါးဈေး တည်ငြိမ်ရမည်ဖြစ်ပါသည်။ သို့ပါ၍ သတင်းမှားများ၊ ကောလဟာလများကြောင့် . စားသုံးသူများ စိုးရိမ်မှုဖြင့် ဆန်များဝယ်ယူစုဆောင်းခြင်း၊စိုးရိမ်ပူပန်ခြင်းများ မဖြစ်စေရန်နှင့် လိုအပ်မှုရှိမှသာ ဝယ်ယူရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read times Last modified on Friday, 28 July 2023 18:32
Rate this item
(0 votes)