Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးကုန်စည်ဒိုင်စျေးကွက်တွင် ပဲစင်းငုံသစ်များ လှိုင်လှိုင်ဝင်ရောက်နေသော်လည်း စျေးကောင်းရနေ

မန္တလေးကုန်စည်ဒိုင်စျေးကွက်တွင် ပဲစင်းငုံသစ်များ လှိုင်လှိုင်ဝင်ရောက်နေသော်လည်း စျေးကောင်းရနေပြီး စမုန်နှမ်းထိပ်စများ နယ်မှပစ္စည်းအဝင်နည်းပါးခြင်းကြောင့် တစ်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၀၀၀၀ ခန့် စျေးပြန်တက်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များက ထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) စျေးကွက်တွင် ပဲစင်းငုံအသစ် (၂၀၂၂) လှိုင်လှိုင်ဝင်ရောက်နေသော်လည်း စျေးကောင်းရနေပြီး စမုန်နှမ်းထိပ်စများ နယ်မှပစ္စည်းအဝင် နည်းပါးခြင်းကြောင့် တစ်ပတ်အတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၃၀၀၀၀ ခန့် စျေးပြန်တက်နေသည်ဟု မန္တလေးမြို့ရှိ ပဲကုန်သည်များထံမှ သိရသည်။

“ပဲစင်းငုံက စနေနေ့က ၁၃၅၀၀၀ စျေးအထိ စျေးတက်ခဲ့တယ်။ တနင်္ဂနွေက စျေးပြန်ကျတယ်။ ၁၃၃၀၀၀ စျေး။ တနင်္လာနေ့က ၁၃၁၀၀၀ စျေး။ ဒီနေ့ ၁၃၀၀၀၀ စျေး ဖြစ်သွားတယ်။ အဓိကက နိုင်ငံခြားပဲစျေးနဲ့ ပြည်တွင်း ပဲစျေး မကိုက်တဲ့သဘောဖြစ်တယ်။ အဲဒါကြောင့် စျေးပြန်ကျသွားတာပါ။ မတ်ပဲစျေးလည်း ၁၃၅၀၀၀ အထိ စျေးတက်သွားပြီး အခု ၁၃၁၀၀၀ စျေးရှိတာတော့ပါ။ အခုရက်ပိုင်းက ပဲစင်းငုံလှိုင်လှိုင်ပေါ်တယ်။ ဝယ်လက်ကလည်း များနေတယ်လို့ ပြောလို့ရတယ်။ စမုန်နှမ်းက အဓိက နယ်အဝင်ပစ္စည်းနည်းတော့ စျေးပြန်တက်နေတာပါ။ ပစ္စည်းကောင်းရင် ၂၃၀၀၀၀ အထိ စျေးရကြတယ်။ ပစ္စည်းလိုရင် ၁၈၀၀၀၀ စျေးရှိတယ်။ စမုန့်နှမ်းထိပ်စက အနိမ့်ဆုံး ၂၀၀၀၀၀ အထိ စျေးကျသွားပြီး အခုပြန်ပြီး ၂၃၀၀၀၀ အထိ စျေးပြန်တက်လာတာပါ။ စမုန်နှမ်းက တစ်ပတ် ၁၀ ရက်အတွင်း စျေးပြန်တက်လာတယ်။ သုံးတင်းဝင် တစ်အိတ်ကို ကျပ် ၃၀၀၀၀ လောက် စျေးတက်လာတယ်လို့ ပြောလို့ရပါတယ်။ စမုန်နှမ်းက တစ်ရက်ကို ၅၀၀၀ စျေးလောက်နဲ့ စျေးပြန်တက်လာတယ်။ နယ်အဝင် ပစ္စည်းနည်းလာလို့ စျေးတက်တယ်။ ပဲယင်းအကြီး စျေးကောင်းတယ်။ အလုံးကြီး ၁၁၇၀၀၀ စျေး၊ အလုံးသေး ၁၀၀၀၀၀ စျေးရှိပါတယ်။ တရုတ်ဘက်ကို ပဲယင်း သွားပါတယ်။ တရုတ်နှစ်ကူးနီးတော့ မြေထောက် ပဲစျေးပြန်ကျတယ်။ ၁၅၇၀၀၀ ကနေ ၁၄၇၀၀၀ စျေးဖြစ်သွားတယ်။ ကျန်တဲ့ပဲတွေဖြစ်တဲ့ ကုလားပဲအုပ်စုဝင်တွေက အခုမှ အသစ်ပေါ်ခါစ ရှိသေးတယ်။ V2 ကုလားပဲ ၁၂၇၀၀၀ စျေး၊ ၉၂၉ ကုလားပဲ ၁၃ဝဝဝဝစျေး၊ ထိုင်ဝမ်ကုလားပဲ ၁၂၆၀၀၀ စျေး။ ဒါတွေက အရောင်းအဝယ်ဖြစ်တဲ့ စျေးတွေပါ” ဟု မန္တလေးကုန်စည်ဒိုင် ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

ပြီးခဲ့သည့်နှစ် ဇွန် ၁၈ ရက်က မြန်မာနှင့် အိန္ဒိယနိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အရ မြန်မာနိုင်ငံမှ နှစ်စဉ်မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန်တစ်သိန်းကို ပုဂ္ဂလိကကုန်သွယ်မှုမှတစ်ဆင့် နောက်ငါးနှစ်ဆက်တိုက် ဧပြီလမှ မတ်လအတွင်း အိန္ဒိယနိုင်ငံသို့ တင်ပိုသွားရမည်ဖြစ်ကြောင်း သိရသည်။

ပဲစင်းငုံသီးနှံကို မြန်မာပြည်အထက်ပိုင်း ဒေသများအဖြစ်သည့် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့မှ အဓိကစိုက်ပျိုးထွက်ရှိကာ တောင်သူများအတွက် စိုက်ပျိုးစရိတ် အသက်သာဆုံးနှင့် ရာသီဥတုဒဏ်ကိုလည်း အခြားသီးနှံများထက် ပိုမိုခံနိုင်ရည်ရှိမှုကြောင့် တောင်သူများ အဓိကအားထားစိုက်ပျိုးသည့် သီးနှံဖြစ်သည်။

 

https://news-eleven.com/

Read times
Rate this item
(0 votes)