Myanmar
အာရှဆန် တစ်ပတ်တာ (ဇူလိုင် ၂၁ - ၂၉)
အာရှဆန် တစ်ပတ်တာ (ဇူလိုင် ၂၁ - ၂၉)
ဘင်္ဂလားဒေ့ရှ်တွင် ရေဘေးကြောင့် စပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် နဂိုက မြင့်တက်နေသော ဆန်ဈေးနှုန်း ပိုမြင့်တက်သည်။ အစိုးရက ကုန်သည်များကို ပြည်ပမှ ဆန်တင်သွင်းရန် ဆန်သွင်းကုန်ခွန် လျှော့ချပေးထားသည်။ သို့သော် နိုင်ငံသုံးငွေ တာကာနှင့် ကန်ဒေါ်လာ လဲနှုန်းတွင် ကန်ဒေါ်လာက ဈေးကောင်းနေသဖြင့် ပြည်ပမှဆန်ကို ကန်ဒေါ်လာဖြင့် ဝယ်ယူဖို့ တွက်ခြေမကိုက် ဖြစ်နေကြသည်။
ထိုင်းဆန်နှင့် ဗီယက်နမ်ဆန် ဝယ်လိုအားထက် ပိုပိုလျှံလျှံ ဖြစ်နေသဖြင့် ဈေးကျသည်။
ဘင်္ဂလားဒေ့ရှ်ကုန်သည်တို့ ဆန်ကို အိန္ဒိယမှ ကုန်လမ်းဖြင့် စတင် တင်သွင်းကြသော်လည်း များများစားစား မတင်သွင်းကြချေ။ ကန်ဒေါ်လာ ကွေလဲနှုန်းတွင် နိုင်ငံသုံးငွေက ဈေးကျပြီးရင်း ကျနေသဖြင့် ဆန်တင်သွင်းသည့် ကုန်သည်များ လက်နှေးနေကြသည်။
အစိုးရက ဆန်တန်ချိန် ၁ သန်းအထိ တင်သွင်းရန် ခွင့်ပြုပေးထားသည်။
အိန္ဒိယဆန် ၅% ဆန်ကွဲပါ <RI-INBKN5-P1> အမျိုးအစား ယခုသီတင်းပတ် ဈေးမပြောင်း။ တစ်တန် ခေါ်ဈေး $362-$368 ရှိသည်။ ဝယ်လိုအား ပြန်ကျဆင်းနေသည်။
အရှေ့ပိုင်းပြည်နယ်များတွင် စပါးစိုက်ပျိုးမှု နောက်ကျကျန်နေသေးသည်။ လာမည့်ရက်သတ္တပတ်များအတွင်း တက်လာလျှင်လည်း အထွက်နှုန်းသည် ခါတိုင်း ပုံမှန်ထက် နည်းပါးဖွယ်ရှိသည်။
စပါးစိုက်တောင်သူလယ်သမားများ ယခုရာသီတွင် ဟက်တာ ၁၇ သန်း စိုက်ပျိုးထားပြီးပြီ။ ယခင်နှစ် အလားတူကာလထက် ၂၉% လျော့နည်းနေသည်။ မိုး လုံလုံလောက်လောက် မရကြသေးချေ။
ထိုင်းဆန် ၅% ဆန်ကွဲပါ <RI-THBKN5-P1> အမျိုးအစား တစ်တန်ဈေးနှုန်း ယခင်သီတင်းပတ်တွင် $420 ရှိခဲ့ပြီး ယခု $400 သို့ ကျဆင်းသည်
ဗိယက်နမ်ဆန် ၅% ဆန်ကွဲပါဆန် <RI-VNBKN5-P1> အမျိုးအစား ဈေးကျသည်။ ယခင်သီတင်းပတ်တွင် တစ်တန် $415-$420 ရှိခဲ့ပြီး ယခု $395-$413 သို့ ကျဆင်းသည်။
ထိုင်းဆန်၊ အိန္ဒိယဆန် ဈေးကျနေသဖြင့် ဗီယက်နမ်ဆန်လည်း ဈေးလိုက်ကျသည်။
ရန်ကုန်ဆိပ်ကမ်း ဆန်တင်သင်္ဘောစာရင်း
၂၀၂၂ ဇူလိုင် ၂၉ ရက်
Berth - Vessel Name - Ton
S.P.W.1 - CLIPPER COPENHAGEN - .24280
WILMAR JETTY - CS SATIRA - .33150
S.P.W.5 - ZOLA - 25000
WILMAR JETTY - CS SATIRA - .3000
Market Indicated Reference Rice Prices (FOB-YGN)
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U



