Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ယောက်ျားလေးတွေနဲ့တည့်တဲ့ ငါးရှဥ့်ချက်ရအောင်

ငါးရှဥ့်ကိုင်ရမှာ ကြောက်နေသူများအတွက် ငါးရှဥ့်ကို အရင်တုန်းကလိုမျိုး ကိုင်နေစရာမလိုတော့ပါ။ Shopping mall တွေမှာ ready made အထုပ်တွေဝယ်ပြီး ချက်ပြုတ်နိုင်ပါတယ်။ အောက်တွင် လွယ်လင့်တကူချက်ပြုတ်နိုင်တဲ့ ငါးရှဥ့်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

 

ပါဝင်ပစ္စည်းတွေကတော့ ငါးရှဥ့် ready made အထုပ်၊ နနွင်း၊ အရောင်တင်မှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ စပါးလင်၊ ပျဉ်းတော်သိမ်၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးခွဲကြမ်း၊ ဆီ တို့ လိုအပ်ပါမယ်။

 

 

ပထမဦးဆုံး ready made ငါးရှဥ့်အသားလေးများကို အနေတော်အရွယ် ခပ်ရှည်ရှည် အချောင်းလေးများ လှီးဖြတ်ထားပါ။ ပြီးလျှင် နနွင်းမှုန့်အနည်းငယ်နှင့် ဆား အနည်းငယ်ထည့်ပြီး နယ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပေးပါ။ ကြက်သွန်ဖြူကိုတော့ ဓါးပြားရိုက်ထားပေးပါ။

 

 

စပါးလင်ကို ရိတ်ရိတ်ပါးပါး လှီးပေးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးကို နနွင်းမှုန့်၊ အရောင်တင်မှုန့်ထည့်ပြီး ချင်းနဲ့ စပါးလင်များပါထည့်ကာ ဆီသတ်ပါ။ ဆားနှင့် ဟင်းခတ်မှုန့်ကိုပါ ရောထည့်ပေးပါ။

 

 

ကြက်သွန်နီ၊ ကြက်သွန်ဖြူ ကြော်ရင်းနဲ့ အနံ့ မွှေးလာပြီး ရွှေဝါရောင်သန်း၍ ကျွတ်လာပြီဆိုရင်တော့ငါးရှဥ့်အသားများပါထည့်ပြီး ရောမွှေပေးပါ။

 

 

ငါးရှဥ့်ကို ထည့်ချက်တဲ့အခါမှာ ငါးက ထွက်တဲ့အရည်ကြောင့် ကြက်သွန်ဆီသတ်တဲ့အကျွတ်များက နူးအိသွားပါမယ်။

 

 

ငါးက ခဏလေးနဲ့ နူးလွယ်တာမို့ ခဏမျှ လှိမ့်ပြီးရင် ဆီပြန်လာတာနဲ့ အရသာ အပေါ့အငန်မြည်းပြီး စိတ်ကြိုက်အနေ အထားရောက်ပြီဆိုရင် တော့ ထမင်းပူပူလေးနဲ့ စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>>  သက်သတ်လွတ် အာလူးကြွပ်ချဉ်ငံစပ်သုပ်

 

 

Read 6684 times Last modified on Tuesday, 18 September 2018 11:35
Rate this item
(3 votes)