Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မန္တလေးကုန်စည်ဒိုင်၏ ဩဂုတ်လ ဒုတိယပတ် ပြောင်းဈေး မြင့်တက်လာ

ဩဂုတ်လဒုတိယပတ် မန္တလေးကုန်စည်ဒိုင်သို့ မန္တလေးအထက်ပိုင်း ဧရာဝတီမြစ်ရိုး တစ်လျှောက်မှပြောင်းဖူးစေ့အသစ်များ ဝင်ရောက်နေပြီး တရုတ်သင်္ဘောတင်ဝယ်လက်၊ မြဝတီ နယ်စပ် နှင့် တိရစ္ဆာန်အစာ တောင့်စက်ရုံများမှ ဝယ်ယူလျှက်ရှိသောကြောင့် ဈေးမြင့်လာကြောင်း မန္တလေး ကုန်စည်ဒိုင်မှ သိရသည်။

 

ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၄၂၀၀၀ မှ ၄၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၉၀၀၀ မှ ၄၀၀၀၀၊ ယခင်လ ကျပ် ၄၅၀၀၀ မှ ၄၆၀၀၀ ဖြစ်သည်။ သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက် ၊ ယခင်လထက်ကျပ် ၃၀၀၀ မြင့်တက်လာသည်။

 

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၄၂၀၀၀ မှ ၄၃၀၀၀၊ ယခင်တစ်ပတ် ကျပ် ၃၉၀၀၀ မှ ၄၀၀၀၀၊ ယခင်လ ကျပ် ၄၅၀၀၀ မှ ၄၆၀၀၀ ဖြစ်သည်။ သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ် ၊ ယခင်လထက်ကျပ် ၃၀၀၀ မြင့်တက် လာသည်။

 

ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၄၀၀၀၀ မှ ၄၀၅၀၀၊ ယခင်တစ်ပတ် ကျပ် ၃၇၀၀၀ မှ ၃၈၀၀၀၊ ယခင်လ ကျပ် ၄၃၀၀၀ မှ ၄၄၀၀၀ ဖြစ်သည်။ သုံးတင်းတစ်အိတ်လျှင် ယခင်တစ်ပတ်ထက် ကျပ် ၂၅၀၀ မှ ၃၀၀၀ မြင့်တက်လာပြီး၊ ယခင်လထက် ကျပ် ၃၀၀၀ မှ ၃၅၀၀ နိမ့်ကျလာသည်။

 

အထွက်တိုးပြောင်း(နီ) ၅၃ ပိဿာဝင်သုံးတင်း တစ်အိတ် ဈေးနှုန်းမှာ ယခုတစ်ပတ်ကျပ် ၄၇၀၀၀မှ ၄၈၀၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ် ကျပ် ၄၂၀၀၀ မှ ၄၃၀၀၀၊ ယခင်လ ကျပ် ၄၆၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထပ်ကျပ် ၅၀၀၀၊ ယခင်လထက်ကျပ် ၁၀၀၀ မှ ၂၀၀၀ မြင့်တက် လာခဲ့သည်။

 

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

#Myanmar Food Industry Guide

Read times
Rate this item
(0 votes)