Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ခရမ်းချဉ်သီး ပုစွန်ခြောက်ချက်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ထမင်းမြိန်စေမည့်

ခရမ်းချဉ်သီး ပုစွန်ခြောက်ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငပိစိမ်းစား၊ ငရုတ်သီးအစိမ်းမှုန့်၊ ပုစွန်ခြောက်၊ နံနံပင်၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။



ပထမဆုံး ခရမ်းချဉ်သီးကို ရေးဆေးပြီး လှီးထားပေးပါ။ ပြီးလျှင် ဒယ်အိုးထဲကို ဆီထည့် ဆီပူလာလျှင် ကြက်သွန်နီထောင်းထားတာထည့်၊ ငရုတ်သီးအစိမ်းမှုန့်လေးထည့်ပြီး ဆီသတ်ပေးပါ။

 

ပြီးနောက် ခရမ်းချဉ်သီး၊ ငပိစိမ်းစား၊ ပုစွန်ခြောက်ထည့်၍ အဆက်မပြတ်မွှေပေးပါ။

 

၎င်းနောက် အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်ကို ထည့်လိုက်ပါ။

 

ဟင်းကျက်လို့ ဆီပြန်လာတဲ့အခါမှာ အပေါ်မှ နံနံပင်အုပ်ကာ မီးပိတ်ပြီး ထမင်းပူပူလေးနှင့် ခရမ်းချဉ်သီးပုစွန်ခြောက်ဟင်းကို အသင့်သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Monday, 17 September 2018 13:46
Rate this item
(2 votes)