Myanmar
ပို့ကုန်ရငွေ ပြန်မဝင်သေးသည့်ဆန်/ဆန်ကွဲပို့ကုန်ကဏ္ဍဆိုင်ရာကုမ္ပဏီများနှင့် စပ်လျဉ်း၍ အသိပေးစာ ထုတ်ပြန်
ပို့ကုန်ရငွေ ပြန်မဝင်သေးသည့်ဆန်/ဆန်ကွဲပို့ကုန်ကဏ္ဍဆိုင်ရာကုမ္ပဏီများနှင့် စပ်လျဉ်း၍ အသိပေးစာ ထုတ်ပြန်
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက် ခြင်းမရှိသေးသည့် အသင်းချုပ်အသင်းဝင် ဆန်/ဆန်ကွဲ Export ကဏ္ဍဆိုင်ရာကုမ္ပဏီများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် Myanmar Rice Federation MRF က ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ( ၁၂ )ရက် ရက်စွဲဖြင့် စာအမှတ် MRF/ စမ-၄ / ၂၀၂၂ ( ၀၉၇၀ ) ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။
အကြောင်းအရာ ။ ။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ ပို့ကုန်ရငွေပြန်လည်ဝင်ရောက်မှု မရှိသည့် ကုမ္ပဏီများ ကိစ္စ။
ရည်ညွှန်းချက် ။ ။ ဝန်ကြီးရုံး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၁၁.၈.၂၀၂၂)ရက်စွဲပါ စာအမှတ် စက-၁၄/၂-၁၂/၂၀၂၂ (၂၆)
ရည်ညွှန်းချက်ပါစာဖြင့် (၆.၅.၂၀၂) ရက်နေ့မှ (၃၁.၅.၂၀၂၂) ရက်နေ့အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန် ရငွေ ပြန်လည်ဝင်ရောက်ရန် ကျန်ရှိသည့် ကဏ္ဍပေါင်းစုံမှ ကုမ္ပဏီ (၄၆၇)ခု စာရင်းအား ပေးပို့ခဲ့ပြီး အဆိုပါ ပို့ကုန်ရငွေ ဝင်ရောက်ရန်ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် ပို့ကုန်ရငွေများ ဝင်ရောက်နိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်သွားကြရေး နှိုးဆော်အသိပေးရန် အကြောင်းကြားလာပါသည်။
သို့ပါ၍ ဖော်ပြပါကာလအတွင်း ဆန်/ဆန်ကွဲပို့ကုန်များတင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်း မရှိသေးသည့် အသင်းချုပ်အသင်းဝင် ဆန်/ဆန်ကွဲ Export ကဏ္ဍဆိုင်ရာကုမ္ပဏီများအနေဖြင့် ပို့ကုန် ရငွေများကို ပြန်လည် ဝင်ရောက်နိုင်ရေးအား အမြန်ဆုံးဆောင်ရွက်သွားကြရန်နှင့် ကုမ္ပဏီအလိုက် ပြန်လည် ဝင်ရောက်ရမည့် ပို့ကုန် ရငွေအပေါ် တိုက်ဆိုင်စိစစ်ရန်လိုအပ်ပါက အသင်းချုပ်၏ ဖုန်းနံပါတ် 01-218266-68 ၊ 01-2301128-29 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U



