Myanmar



မန္တလေးဈေးကွက် စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက်  စားသုံးဆီနှင့် ဆီထွက်သီးနှံ ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 12 5 2023

 

 

မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက်

 

မြေပဲ(လုံးဆံ) မှာ မိုးမြေပဲ စိုက်ချိန်နီးခြင်း ၊ လုပ်ငန်းသမားအဝယ်နည်းခြင်းကြောင့် ၁၀၀ ပိဿာ အရည်အသွေးအကောင်းဆုံး ၆၈၀၀၀၀ ကျပ် မှ ၆၇၀၀၀၀ ကျပ်သို့ ဈေးမသိမသာ နိမ့်သွားသည်။

 

မြေပဲ(ဆီဆံ)မှာ ဆီစက်သမား ပုံမှန် ဝယ်ယူမှုရှိခြင်းကြောင့် ၁၀၀ ပိဿာ ၆၄၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

နှမ်းမျိုးစုံဈေးနှုန်းအနေဖြင့်


နှမ်းဖြူမှာ ပြည်ပဝယ်လက်နည်းခြင်း ၊ လုပ်ငန်းသမား အဝယ်နည်းခြင်းကြောင့် ၄၅ ပိဿာ ၃၁၅၀၀၀ ကျပ် ၊


နှမ်းညိုမှာလည်း ဆီစက်သမား ပုံမှန်အဝယ်ရှိခြင်းကြောင့် ၄၅ပိဿာ ၂၆၅၀၀၀ ကျပ် ၊

 

နှမ်းနက်မှာလည်း အရောင်းအဝယ်အေးခြင်း၊ မိုးနှမ်းစိုက်ပျိုးရန်ပြင်ဆင်ချိန်ဖြစ်ခြင်းကြောင့် ၄၅ ပိဿာ ၂၆၅၀၀၀ ကျပ် အသီးသီးဖြင့် ဈေးတည်ငြိမ်နေသည်။



ပန်းနှမ်းမှာ စိုက်ဧကနည်း ၊ အဝင်နည်းသွားခြင်း ၊ ဆီစက်သမား အဝယ်နည်းခြင်း ကြောင့် ၄၅ ပိဿာ ၁၉၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


နေကြာဈေးနှုန်းမှာ ဆောင်း နေကြာ အဝင်နည်းသွားခြင်း ၊ မိုးအတွက် ပြင်ဆင်ချိန်ဖြစ်ခြင်း ၊ ဆီစက်သမား ပုံမှန်ဝယ်ယူ မှုရှိခြင်းတို့ကြောင့် ၂၇ ပိဿာ ၁၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ဆီဈေးနှုန်းအနေဖြင့်


ပဲဆီ တစ်ပိဿာ ၁၂၅၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ၊


နှမ်းဆီတစ်ပိဿာ ၁၁၀၀၀ ကျပ် ၊


ပဲပုတ်ဆီ တစ်ပိဿာ ၅၈၀၀ ကျပ် မှ ၆၅၀၀ ကျပ် ၊


နေကြာဆီ တစ်ပိဿာ ၁၂၀၀၀ ကျပ် မှ ၁၃၀၀၀ ကျပ် ၊


မုန်ညှင်းဆီ တစ်ပိဿာ ၁၀၀၀၀ ကျပ်ဖြင့်


ဈေးတည်ငြိမ်နေသည်။

 

စားအုန်းဆီမှာလည်း အဝင်ပုံမှန် ၊ လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၆၃၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 12 May 2023 07:55
Rate this item
(0 votes)