Myanmar
မြန်မာဆန် တန်ချိန် ၂ သိန်း ဘင်္ဂလားဒေ့ရှ် တင်သွင်းမည်
မြန်မာဆန် တန်ချိန် ၂ သိန်း ဘင်္ဂလားဒေ့ရှ် တင်သွင်းမည်
ပြည်တွင်းဈေးကွက် မငြိမ်မသက်ဖြစ်မှု ရင်ဆိုင်နေရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံက အိမ်နီးချင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၂ သိန်းကို တင်သွင်းတော့မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရသည် တနင်္လာနေ့ (ဩဂုတ် ၃၉) တွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ယင်းကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း စားသောက်ကုန် ဝန်ကြီးဌာနမှ သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် စက်တင်ဘာလတွင် မြန်မာဆန် တင်သွင်းရန် မကြာမီ သဘောတူ လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြည်တွင်းဈေးကွက် ဆန်ပြတ်လပ်မှု အကျပ်အတည်းကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရက ဗီယက်နမ်မှ ဆန်တန်ချိန် ၃၀,၀၀၀ နှင့် အိန္ဒိယမှ ဆန်တန်ချိန် ၁ သိန်း တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။
ထို့ပြင် ရုရှားမှ ဂျုံတန်ချိန် ၅ သိန်း တင်သွင်းမည်။
ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ကို ထိပါ
ရုရှားဂျုံ တန်ချိန် ၅ သိန်း တင်သွင်းရန် ဘင်္ဂလားဒေ့ရှ် စီစဉ်
ပြည်တွင်း ဆန်ကြမ်းဈေးနှုန်း တစ်ကီလို တာကာ ၅၅~၆၀ အထိ မြင့်တက်နေသည်။ ယခင်နှစ်က ၄၅ တာကာမျှသာ ရှိခဲ့သည်။
အစိုးရက ဆန်တစ်ကီလို ၁၅ တာကာဖြင့် ရောင်းချပေးသည်။ အိမ်ထောင်စု ၅,၀၁၀,၅၀၉ တို့သည် အစိုးရ ရောင်းဈေးဖြင့် တစ်လလျှင် ဆန် ကီလို ၃၀ ဝယ်ယူခွင့် ရရှိမည်။
ထို့ပြင် အစိုးရ၏ Open Market Sales (OMS) အစီအစဉ်ဖြင့် ဆန်တစ်ကီလို တာကာ ၃၀ ဖြင့် ရောင်းချပေးသည်။
အစိုးရထံတွင် ဆန်လက်ကျန် တန်ချိန် ၁၇.၉၂ သိန်းနှင့် ဂျုံလက်ကျန် ၁.၄၁ သိန်း ရှိသည်။
Source The Business Standard
#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U



