Myanmar
ကျောက်ပွင့်သုပ်
ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင်လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ကျောက်ပွင့်သုပ်နည်း လေးကို ဖော်ပြပေးလိုက်ပါတယ်။
လိုအပ်သည့်အမယ်များကတော့ ကျောက်ပွင့်၊ ပဲကြာဇံ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်မှုန့်၊ မြေပဲဆံ၊ နှမ်းလှော်၊ သံပရာသီး၊ နံနံပင်၊ ငရုတ်သီးစိမ်း သို့မဟုတ် အနီ၊ ဆီ၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။
ပထမဆုံး ကျောက်ပွင့်ကို ရေဆေးသန့်စင်ပြီးလျှင် ရေစိမ်ထားပါ။ ပဲကြာဇံကို ရေနွေးဖျောထားပါ။
ပြီးလျှင် ခရမ်းချဉ်သီးကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ကြက်သွန်နီကိုလည်း ရေဆေးပြီး ပါးပါးလှီးပါးထား။
ထို့နည်းတူ နံနံပင်၊ ငရုတ်သီးစိမ်း တို့ကိုလည်း ပါးပါးလှီးဖြတ်ပေးထားပါ။
ပြီးလျှင် ကြက်သွန်ဖြူကို ဆီချက် ချက်ထားပေးပါ။ မြေပဲကို မညက်တညက်ထောင်းထားပါ။
ပြီးနောက် ရေစိမ်ထားတဲ့ ကျောက်ပွင့်ကို ရေညှစ်လိုက်ပါ။ ပဲကြာဇံကိုလည်း ရေစစ်ထားပါ။
ပြီးရင်တော့ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ မြေပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးစိမ်း၊ ဆီချက်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်ထည့်လိုက်ပါ။
ပြီးလျှင် လှီးထားတဲ့ နံနံပင်ထည့် လိုက်ပါ။ နောက်ဆုံးမှ သံပရာသီးလေးညှစ်ပြီး ခပ်ဖွဖွလေး နယ်လိုက်ပါ။
ပြီးရင်တော့ အရသာအနေတော်မြည်းကြည့်ပြီး အပေါ်ဆုံးမှ နှမ်းလှော်လေးကို ဖြူးလိုက်ပါ။ ပြီးနောက် ထမင်းမြိန်စေမည့် ချဉ်ငံစပ်ကျောက်ပွင့်သုပ်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။