Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာဆန် ဒုတိယအများဆုံး ဖိလစ်ပိုင် ဝယ်ယူခဲ့

မြန်မာဆန် ဒုတိယအများဆုံး ဖိလစ်ပိုင် ဝယ်ယူခဲ့

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ် ၂၀၂၂ ခုနှစ်မှာ စက်တင်ဘာလအထိ ဆန်မက်ထရစ်တန်ချိန် သုံးသန်းနီးပါး တင်သွင်းခဲ့ကြောင်း Bureau of Plant Industry BPI ၏ အချက်အလက်များအရ သိရပါသည်။

၂၀၂၁ ခုနှစ်တစ်ခုလုံးအတွက် ဆန်မက်ထရစ်တန်ချိန် ၂.၈ သန်း တင်သွင်းခဲ့တာထက် ၇.၆ ရာခိုင်နှုန်း ပိုများပါသည်။

ယခုနှစ်တွင် စက်တင်ဘာလအထိ ဆန်အများဆုံး တင်သွင်းသည့်လမှာ ဩဂုတ်လဖြစ်ပြီး မက်ထရစ်တန် ၄၃၃,၄၅၄ တင်သွင်းခဲ့ပါသည်။

.

BPI ၏ အဆိုအရ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မြန်မာ၊ ပါကစ္စတန်၊ စင်္ကာပူ၊ စပိန်၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ဆန်များကို အဓိကအားဖြင့် တင်သွင်းခဲ့ပါသည်။

.

ဖိလစ်ပိုင်နိုင်ငံ ဆန်တင်သွင်းမှုတွင် ဗီယက်နမ်ဆန် သည် အဓိကရင်းမြစ်ဖြစ်ပြီး မက်ထရစ်တန် ၂.၅ သန်း တင်သွင်းခဲ့ပါသည်။ ယခင်နှစ် တစ်နှစ်တာ မက်ထရစ်တန် ၂.၄ သန်း တင်သွင်းခဲ့သည်ထက် ပိုများနေပြီ ဖြစ်ပါသည်။

.

ဒုတိယအများဆုံး တင်သွင်းသည်မှာ မြန်မာဆန် ဖြစ်ပါသည်။ မက်ထရစ်တန် ၂၀၃,၈၈၀ တင်သွင်းခဲ့ပြီး ယမန်နှစ် တစ်နှစ်တာ မက်ထရစ်တန် ၁၉၆,၇၁၉ တင်သွင်းခဲ့သည်ထက် ပိုများပါသည်။ 

.

တတိယအများဆုံး တင်သွင်းသည်မှာ ထိုင်းဆန် ဖြစ်ပါသည်။ မက်ထရစ်တန် ၁၅၀,၄၁၆ တင်သွင်းခဲ့ပါသည်။ ယမန်နှစ် တစ်နှစ်တာ မက်ထရစ်တန် ၁၃၁,၂၅၆ တင်သွင်းခဲ့သည်ထက် ပိုများပါသည်။

.

ဒီဇင်ဘာလ ၃၁ ရက်အထိ ဆန်သွင်းကုန်ခွန်မှာ ခွဲတမ်း နှင့် ခွဲတမ်းပြင်ပ ၂ မျိုးစလုံးအတွက်  ၃၅% ဖြစ်ပါသည်။

နောက်နှစ် ဇန်နဝါရီလတွင် ခွဲတမ်းဆန် ဆိုပါက ၄၉% ၊ ခွဲတမ်းပြင်ပဆန် ဆိုပါက ၅၀% သွင်းကုန်ခွန် စည်းကြပ်မည် ဖြစ်ပါသည်။

.

ဖိလစ်ပိုင် လယ်သမားများသည် မြေဩဇာ ဈေးကြီးသဖြင့် စပါးအထွက်တိုးစေဖို့ မြေဩဇာ မသုံးစွဲနိုင်ခဲ့ကြသဖြင့် စပါးအထွက်လျော့ပါသည်

 ထို့ပြင် စူပါတိုက်ဖွန်း Karding ကြောင့်လည်း စပါးခင်းများ ပျက်စီးခဲ့ပါသည်။ သို့ဖြစ်ရာ  ဖိလစ်ပိုင်နိုင်ငံသည် ဆန်ကို ဆက်လက်တင်သွင်းနေရဦးမည် ဖြစ်ပါသည်။

‌.

ယူရီးယားမြေဩဇာ ဈေးနှုန်းသည် ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ယမန်နှစ်တွင် ပီဆို ၁၅၃၁.၇၈ ဖြစ်ပြီး ယခုနှစ်တွင် ပီဆို ၂,၅၂၃.၀၈ ဖြစ်ပါသည်။ 

.

Karding ကြောင့် ဆန် မက်ထရစ်တန် ၁၃၄,၂၉၅ ထုတ်လုပ်မှု လျော့ကျပါသည်။ 

.

ယခုနှစ်တွင် ဆန်တန်ချိန် မက်ထရစ်တန် ၂၀.၂၅ သန်း ရရှိရန် လျာထားပါသည်။ ယမန်နှစ်က ဆန်တန်ချိန် မက်ထရစ်တန် ၁၉.၉၆ သန်း ရရှိခဲ့ပါသည်။

.

၂၀၂၂-၂၃ တွင် ဖိလစ်ပိုင်နိုင်ငံသည် ဆန်မက်ထရစ်တန်ချိန် ၃.၄ သန်း တင်သွင်းမည်ဟု အမေရိကန် စိုက်ပျိုးရေးဌာန United States Department of Agriculture USDA က ခန့်မှန်းပါသည်။ 

Foreign Agricultural Service (FAS) ကလည်း ဆန်မက်ထရစ်တန်ချိန် ၃.၄ သန်း တင်သွင်းမည်ဟု ခန့်မှန်းပါသည်။

.

ဖိလစ်ပိုင်တွင် ဆန်အများဆုံး တင်သွင်းသည့် လုပ်ငန်းမှာ NAN STU Agri Traders ဖြစ်ပြီး ဆန်မက်ထရစ်တန် ၁၅၂,၉၇၀ တင်သွင်းခဲ့ပါသည်။

ဒုတိယအများဆုံး ဆန်တင်သွင်းသည့်လုပ်ငန်းမှာ Manus Dei Resources Ent. Inc. ဖြစ်ပြီး ဆန်မက်ထရစ်တန် ၁၄၂,၈၈၁ တင်သွင်းခဲ့ပါသည်။

တတိယအများဆုံး ဆန်တင်သွင်းသည့်လုပ်ငန်းမှာ Luck Buy and Sell ဖြစ်ပြီး ဆန်မက်ထရစ်တန် ၁၃၀,၀၈၃ တင်သွင်းခဲ့ပါသည်။

Source philstar, business.inquirer

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

Read times Last modified on Tuesday, 25 October 2022 14:39
Rate this item
(0 votes)