Myanmar
ကလေးများနှင့် လူကြီးများအကြိုက် နံကထိုင်ပြုလုပ်နည်း
အိမ်တွင်လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကလေးများနှင့် လူကြီးများအကြိုက် နံကထိုင်ပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဂျုံ၊ ထောပတ်၊ သကြားအချော၊ ကြက်ဥ၊ ဆော်ဒါ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဂျုံ၊ ထောပတ်၊ သကြား၊ ကြက်ဥ ၊ ဆော်ဒါများကိုဇလုံတစ်ခုထဲ ထည့်၍ သမအောင် နယ်ပေးပါ။
ပြီးနောက် နံကထိုင် ပြုလုပ်ရာတွင် Castar sugar သုံးမှ မုန့်ကောင်းပါတယ်။
Read More >>>>> မလေးရှားစတိုင် ကြက်သားအာလူးနှင့် ကြက်အူချောင်းအစပ်ဟင်း
ပြီးလျှင် အခြားမုန့်များလို သူ့ကို သိပ်မနယ်ရပါ။ သိပ်နယ်လွန်းရင် ဆီများထွက်လာမယ့်အတွက်ဖြစ်ပါတယ်။
ပြီးနောက် အဝိုင်းကလေးများ ပြုလုပ်ကာ မုန့်ဗန်းပေါ်တွင် မုန့်များကို ခြား၍တင်ထားပါ။ ခြားရခြင်းက မုန့်ပွလာလျှင် တစ်ခုနှင့်တစ်ခု ပူးကပ်မသွားစေရန်ဖြစ်ပါတယ်။
ပြီးလျှင် ကြိုတင်အပူပေးပြီးသား Oven ထဲတွင် ၁၀မိနစ်ခန့် အပေါ်မီး အောက်မီးနဲ့ ၁၅၀ ဒီဂရီနဲ့ဖုတ်လိုက်ပါ။
ပြီးနောက် မုန့်လေးများကို ရွှေ့ ကြည့်လို့ ဗန်းမှာ မကပ်နေရင် မုန့်ကျက်ပါပြီး။
နောက်ဆုံး အအေးခံပြီးရင်တော့ အရသာရှိတဲ့ နံကထိုင်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။