Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ဘောသီးဖျော်ရည်

သင်္ဘောသီးဖျော်ရည် google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကျန်းမာရေးနှင့်ညီညွတ်ပြီး အိမ်တွင်

လွယ်လင့်တကူပြုလုပ်နိုင်တဲ့ သင်္ဘောသီးဖျော်ရည်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ သင်္ဘောသီးမှည့်၊ သကြား၊ ဆား၊ ရေခဲတုံး၊ ရေသန့် တို့လိုအပ်ပါမယ်။

 

သင်္ဘောသီးမှည့်ကို အလုံးလိုက်ရေဆေးပြီး အညှာထိပ်ပိုင်းကို လှီးဖြတ်လိုက်ပါ။

 

ပြီးလျှင် ရေခြောက်အောင် ခဏထားပြီး အလျားလိုက်ထက်ခြမ်းခြမ်း၍ အခွံနွှာပေးပါ။

 

အစေ့များနှင့် အမြှေးများကို ထုတ်ပစ်လိုက်ပြီး အနေတော်အတုံးလေးများတုံးထားပါ။

 

တုံးထားသော သင်္ဘောသီးတုံးလေးများကို ဖျော်ရည်မွှေစက်ထဲ ရေမြှုပ်အောင်ထည့်၍ ခလုတ်ဖွင့်၍ ကြိတ်ချေပေးပါ။

 

သကြားကို ရေသန့်နှင့် ကျိုပြီး အအေးခံထားပါ။

 

ရလာသော သင်္ဘောသီးအနှစ်များထဲသို့ သကြားရည်ရောပြီး လက်ကျန်ရေအားလုံးထည့်လိုက်ပါ။

 

ပြီးလျှင် ဖန်ခွက်ရှည်ထဲသို့ သင်္ဘောသီးဖျော်ရည်ထည့်ပြီး ရေခဲတုံးလေးများထည့်၍ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနှင့် ညီညွတ်သော သင်္ဘောသီးဖျော်ရည်ကို အသင့်သောက်သုံးနိုင်ပါတယ်။

Read times Last modified on Monday, 17 September 2018 14:33
Rate this item
(1 Vote)