Myanmar
ပုသိမ်စက်မှုဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့
ပုသိမ်စက်မှုဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် နှစ်သိန်း တင်ပို့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ G to G သဘောတူစာချုပ် အရ ဆန်တန်ချိန် နှစ်သိန်းကို ပုသိမ်စက်မှုဆိပ်ကမ်းမှ တင်ပို့သွား မည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ တင်ပို့ရာတွင် ဧည့်မထဆန် ၅ မှတ် ၅၀ KG ဆန်တန်ချိန် ၂၆၅ဝ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ MV MCL-7 ကုန်တင်သင်္ဘောဖြင့် တင်ပို့သွားမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့ရာတွင် အောက်တိုဘာလဆန်းမှစ၍ သုံးသုတ်ခွဲ၍ တင်ပို့ရန် သတ်မှတ်ထားပြီး ပထမအသုတ်ကို အောက်တိုဘာ ဒုတိယပတ်မှ နိုဝင်ဘာ ၇ ရက်အထိ၊ ဒုတိယ အသုတ်ကို ဒီဇင်ဘာ ၁၅ ရက်အထိ သတ်မှတ်ထားကာ နောက်ဆုံး အသုတ်ကို ၂ဝ၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် အပြီးတင်ပို့ရန် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားကြောင်း သိရသည်။
ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလအထိ (ယာယီစာရင်းအရ) ဆန်နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု တန်ချိန် ၉၄ဝ၇၉၅ ကျော် တင်ပို့ထားပြီးဖြစ်ပြီး၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၃၁၅ ဒသမ ၉၉၄ သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနထံက သိရသည်။
Source MDN



