Myanmar
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ကျပ် ၆၃၀,၀၀၀ ထုတ်ပြန်ကြေညာ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ကျပ် ၆၃၀,၀၀၀ ထုတ်ပြန်ကြေညာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့မှ အခြေခံရည်ညွှန်းစပါးဈေးနှုန်းနှင့် စပ်လျဉ်း၍ ကြေညာချက်အမှတ် (၁ /၂၀၂၂) ကို ၂ဝ၂၂ ခုနှစ် ၊ နိုဝင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။
အခြေခံရည်ညွှန်းစပါးဈေးနှုန်း ထုတ်ပြန်ကြေညာချက်
၁။ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူလယ်သမားများအတွက် သင့်တင့် မျှတသောဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်စေရေးအတွက် စိုက်ပျိုး ဖြစ်ပါသည်။ ထုတ်လုပ်မည့် စပါးသီးနှံအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်။
၂။ အစိုဓာတ် (၁၄)% ရှိ၍ အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် တစ်တင်း (၄၆) ပေါင်ကိုက် စပါးတင်း(၁၀၀)၏ အခြေခံရည်ညွှန်း စပါးဈေးနှုန်းကို (၆၃၀,၀၀၀) ကျပ် သတ်မှတ်လိုက်သည်။
၃။ ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ်တွင်ဖြစ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရန်နှင့် ဈေးကွက်ပေါက်ဈေးသည် အခြေခံရည်ညွှန်းစပါးဈေးနှုန်းအောက် တွင်ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမည်ဖြစ်ပါသည်။
ယခုသတ်မှတ်သော အခြေခံရည်ညွှန်းစပါးဈေးနှုန်းသည် ၂၀၂၂ခုနှစ် မိုးစပါးနှင့် ၂၀၂၃ခုနှစ် နွေစပါးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
၄။ အခြေခံရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချရန် အခက်အခဲရှိသော တောင်သူလယ်သမားများအနေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ၏ မြို့နယ်ကိုယ်စားလှယ်များသို့ဖြစ်စေ၊ အသင်းချုပ် ရုံးချုပ် (ဖုန်း၊ ၀၁-၂၃၀၁၁၂၈၊ ၀၁-၂၃၀၁၁၂၉၊ ၀၁-၂၁၈၂၆၆)သို့ ဖြစ်စေ ဆက်သွယ် နိုင်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



