Myanmar
မုန့်ကုလားမဲ
မုန့်ကုလားမည်းကို လူသိများတာကတော့ အချိုပွဲတွင်
တည်ခင်းဧည့်ခံလေ့ရှိတဲ့ မုန့်ဟု လူသိများပါတယ်။
မုန့်ကုလားမဲကို ခရီးထွက်သောသူများက အိမ်အပြန်လက်ဆောင်အဖြစ် ၀ယ်ယူလေ့ရှိကြပါတယ်။
မိသားစု ဆုံတုန်းလေး၊ အလှူအတန်းများ ဧည့်ခံကျွေးမွေးနိုင်ရန် ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် မုန့်ကုလားမဲ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
မုန့်လုပ်နည်းတွင် ပါဝင်ပစ္စည်းတွေကတော့ ကောက်ညှင်းငချိတ်၊ အုန်းနို့၊ သကြား၊ ဆီ၊ ထောပတ်၊ ဘိန်းစေ့တို့ ပါဝင်ရမှာဖြစ်ပါတယ်။
ပထမဦးဆုံး ကောက်ညှင်းငချိတ်ကို ရေဆေးသန့်စင်ပြီး တစ်ညခန့် ရေစိမ်ထားပါ။
ပြီးလျှင် ရေစိမ်ပြီးသားကောက်ညှင်းငချိတ်ကို ရေပြန်ဆေးပြီး ရေစစ်ထားပါ။
ပြီးနောက် ကြိတ်စက်တွင် ရေစစ်ထားသော ကောက်ညှင်း ငချိတ်ကို အုန်းနို့ထည့်ပြီး ချောမွေ့လာသည်ထိကြိတ်ပေးပါ။
လိုအပ်သောအနေအထားထိ ချောမွေ့ပြီး ညက်လာပါက အိုးမကပ်သည့် ဒယ်တွင် ထည့်လိုက်ပါ။
ပြီးလျှင် သကြားနှင့် ထောပတ်ထည့်ပြီး အနေတော်မီးဖြင့်တည်ကာ အဆက်မပျက် မွှေပေးပါ။
မုန့်သားညက်ပြီး ဆီပြန်လုံးလာသည်ထိ မွေပေးကာ ဆီသုတ်ထားသောဘမ်းတွင် ထည့်ပြီး မျက်နှာပြင်ညီအောင်ပြုလုပ်ပါ။
ပြီးနောက် အပေါ်မှ ဘိန်းစေ့ကို ဖြူး၍ အအေးခံထားပါ။ မုန့်သားအေးသွားလျှင်တော့ လိုအပ်သလို လှီးဖြတ်ပြီး အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။