Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ရိုးရာအစားအစာ ပုစွန်ခွက်ကြော် ပြုလုပ်နည်း

ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး အကြော်လေးလုပ်စားချင်သူများအတွက် လွယ်လင့်တကူပြုလုပ်နိုင်တဲ့ ပုစွန်ခွက်ကြော် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။



ပါဝင်ပစ္စည်းများကတော့ ပုစွန်ထုပ်၊ တန်ပူရာမှုန့်၊ ပဲပင်ပေါက်၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပုစွန်ကို ရေဆေးသန့်စင်ပြီး ကြောဖက်မှနေ၍ အညစ်အကြေးကို ဖယ်ထုတ်ပေးပါ။

 

 

ပြီးလျှင် တန်ပူရာအမှုန့်၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်နှင့် ရေအနည်းငယ်ထည့်၍ သမအောင်မွှေပေးပါ။

 

 

ပြီးနောက် ပဲပင်ပေါက်ကိုလည်း ထည့်လိုက်ပြီး ခပ်ဖွဖွလေးနယ်ထားပေးပါ။

 

 

ပြီးလျှင် ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားတဲ့ ပဲပင်ပေါက်နည်းနည်းနဲ့ ပုစွန်တစ်ကောင်ကို ထည့်ပြီး ပြင်ထားပါ။

 

 

ပြီးရင်တော့ ဒယ်အိုးထဲဆီထည့်လိုက်ပါ။ ဆီပူလာလျှင် မီးကို အနေတော်လေးနဲ့ ပဲပင်ပေါက်နှင့်ပုစွန်ကို ထည့်ကြော်လိုက်ပါ။

 

 

မီးအနည်းငယ်နှင့်ကြော်ပြီး ရွှေဝါရောင်သန်းလာပါက တစ်ဖက်သို့လှန်ပေးထားပါ။ နှစ်ဖက်စလုံး ရွှေဝါရောင်သန်းလာပြီဆိုလျှင်တော့ ဆယ်ပြီး ဇကာဖြင့် ဆီစစ်ပေးထားပါ။

 

 

ဆီစစ်ပြီးပါက ပုစွန်ခွက်ကြော်ပူပူလေးကို အချဉ်ရည်၊ ဆလတ်ရွက်လေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read 5353 times Last modified on Tuesday, 25 September 2018 17:21
Rate this item
(2 votes)