Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကရင်ရိုးရာအစားအစာ ငါးထောင်း

စာဖတ်ပရိသတ်များအတွက် ဒီကနေ့ ကရင်ရိုးရာအစားအစာတစ်မျိုးဖြစ်တဲ့အပြင်

ထမင်းလည်းမြိန်စေမည့် ငါးထောင်းလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ပလာတူးငါး၊ ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ သံပရာသီးတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ပလာတူးငါးကို ရေဆေးသန့်စင်ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်တို့နယ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ပလာတူးငါးကိုထည့်၍ ကြော်လိုက်ပါ။

 

ထည့်ကြော်လို့ ကျက်ပြီဆိုရင် အအေးခံထားပါ။ အေးသွားပြီဆိုရင်တော့ အသားကို နွှင်လိုက်ပါ။

 

ပြီးနောက် ငရုတ်ဆုံထဲတွင် ငရုတ်သီးအကျက်မှုန့်၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်နှင့် ထွင်ထားသောငါးထည့်၍ နှံ့အောင် ရောထောင်း လိုက်ပါ။

 

ငါးထောင်းကို အထားခံအောင် ခြောက်ခြောက်လေးထောင်းပါ။

 

ပြီးလျှင် ငါးထောင်းကို ပန်းကန်လုံးထဲထည့်၍ ရေအနည်းငယ်ထည့်ပြီး ငါးထောင်းနှင့်နယ် သံပရာသီးညှစ်၍ တို့စရာအစုံနှင့် ရောစားလျှင် အရသာရှိပြီး ထမင်းမြိန်စေမှာဖြစ်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:49
Rate this item
(2 votes)