Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ငွေကျပ်သိန်း ၅၀၀ အထိ ကံစမ်းရယူနိုင်မည့် Coca-Cola™ ၏ ပရိုမိုးရှင်းအစီအစဉ်အသစ်

ငွေကျပ်သိန်း ၅၀၀ အထိ ကံစမ်းရယူနိုင်မည့် Coca-Cola™ ၏ ပရိုမိုးရှင်းအစီအစဉ်အသစ်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

“Coke™ သောက်ချိန်ရောက်ပြီ” ပရိုမိုးရှင်း၏ စိတ်လှုပ်ရှားစရာ လက်ဆောင်များစွာကို ကံစမ်းရယူလိုက်ပါ

 

မြန်မာနိုင်ငံရှိ စားသုံးသူများ စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံ ရရှိခံစားနိုင်ရန်အတွက် Coca-Cola™ သည် ဆုပေါင်းတစ်သန်းကျော်ပေးအပ်သွားမည့် “Coke™ သောက်ချိန် ရောက်ပြီ” ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။ 

.

နေ့လယ်ခင်းအားလပ်ချိန်အတွင်း သူငယ်ချင်းများနှင်အတူ အပြင်းပြေ ဆော့ကစားရင်းဖြစ်စေ၊ မုန့်ဆိုင်များသို့ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အဆာပြေမုန့်များ မြည်းစမ်းစားသောက်ရာတွင် ဖြစ်စေ လန်းဆန်းအေးမြသော အချိုရည်နှင့် တွဲဖက်ခြင်းက ပိုမိုကောင်းမွန်သည့် အခိုက်အတန့်များ ဖန်တီးစေနိုင်သည်ကို “Coca-Cola” က ကောင်းစွာ သိရှိနားလည်ထားပါသည်။ Coca-Cola™ မူလအရသာ၊ Max+TM၊ SpriteTM အချိုရည်တို့ကို ဝယ်ယူသုံးဆောင်သည့် စားသုံးသူများအနေနှင့် Wave Money ၏ ပံ့ပိုးကူညီမှုနှင့်အတူ နေ့စဉ် ငွေသားဆုမဲ လက်ဆောင်များကို ကံထူးနိုင်မည့် အခွင့်အလမ်းများကိုလည်း ရရှိသွားမည် ဖြစ်သည်။ ထို့အပြင် Coca-Cola မှ နောက်ဆုံးပေါ် စမတ်ဖုန်းသစ် ၁၄ လုံးကိုလည်း အပတ်စဉ်မဲနှိုက်ရွေးချယ်ပေးသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကျပ်သိန်း ၅၀၀ အထူးဆုကြီး၏ ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ပေးသွားဦးမည် ဖြစ်သည်။ ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်ရန် -

 

.

၁. အဝါရောင်အဖုံး PET ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော Coca-Cola™ မူလအရသာ၊ Max+TM ၊ သို့မဟုတ် SpriteTM အချိုရည်ဘူးများကို ဝယ်ယူပါ။

 

၂. အဖုံးခွံအတွင်းပိုင်းအတွင်းရှိသော ကုတ်နံပါတ်ကို စစ်ဆေးပါ။

 

၃. အချိုရည်ဘူးတံဆိပ်ခွံပေါ်တွင်ပါရှိသော QR ကုတ်ကို Scan ဖတ်ပြီး ဝက်ဘ်ဆိုက်ထဲဝင်ပါ။

 

၄. ဝက်ဘ်ဆိုက်တွင် ကုတ်နံပါတ်အား ထည့်သွင်းမှတ်ပုံတင်ပါ။

အထက်ဖော်ပြပါအဆင့်များအားပြုလုပ်ပြီး “Coke™ သောက်ချိန်ရောက်ပြီ” ပရိုမိုးရှင်းကပေးအပ်မည့် ဆုပေါင်း တစ်သန်းကျော်ကို ကံစမ်းနိုင်မည်ဖြစ်သည်။ ကံထူးရှင်များအနေဖြင့် Wavepay နေ့စဉ်ငွေသားဆု ရရှိကြောင်း အသိပေးအကြောင်းကြားစာ သို့မဟုတ် အပတ်စဉ်ကံထူးရှင်ရွေးချယ်သည့်အစီအစဉ်တွင် ပါဝင်ခွင့် ရရှိကြောင်း အသိပေးအကြောင်းကြားစာကို လက်ခံရရှိမည်ဖြစ်သည်။ အပတ်စဉ်ငွေသားဆုကံထူးရှင်များကို မိမိတို့၏  Wavepay အကောင့်များထဲသို့ ငွေလွှဲပေးသွားမည်ဖြစ်သည်။ ကျပ်သိန်း ၅၀၀ အထူးဆုကြီး၏ ကံထူးရှင်ကို ပရိုမိုးရှင်းအစီစဉ်၏ ၁၄ ပတ်မြောက်တွင် မဲနှိုက်ရွေးချယ်သွားမည်ဖြစ်သည်။ နေ့စဉ်ငွေဆုမဲကံထူးရှင်များ အနေဖြင့် အပတ်စဉ် ဆုမဲရွေးချယ်ရာတွင် ပါဝင်နိုင်ခြင်းမရှိသော်လည်း ကျပ်သိန်း ၅၀၀ အထူးဆုကြီး  ရွေးချယ်ရာ တွင်မူ ကံထူးရှင်ဖြစ်နိုင်သော အခွင့်အရေးရရှိမည်ဖြစ်သည်။

.

“Coke™ သောက်ချိန်ရောက်ပြီ” ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး အထူးဆုကံထူးရှင်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ထုတ်ပြန်ကြေညာသွားပါမည်။ အပတ်စဉ်ကံထူးရှင်စာရင်းကို Coca-Cola ၏ ‌တရားဝင် Facebook စာမျက်နှာ ( https://www.facebook.com/CocaColaMyanmar ) တွင် အပတ်စဉ် ဖော်ပြသွားမည် ဖြစ်သည်။ ပရိုမိုးရှင်း အစီအစဉ်အား ပိုမိုသိရှိရန်အတွက် “Coca-Cola” ၏ တရားဝင် ဝက်ဆိုက် https://luckybreaksmm.coca-cola.com/   တွင် အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါသည်။

.

 

မြန်မာနိုင်ငံအတွင်းရှိ Coca-Cola အကြောင်း

 

Coca-Cola သည် မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၂ ခုနှစ်မှစတင်ဝင်ရောက်ကာ ဂုဏ်ယူစွာ လုပ်ငန်းလည်ပတ်ခဲ့ပြီး နိုင်ငံတွင်းစီးပွားရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၂၉ သန်းကျော် ရင်းနှီးမြှုပ်နှံထားပါသည်။ Coca-Cola အချိုရည် ၊ Sparkling အမျိုးအစားအချိုရည်များ ၊ Max+ အမှတ်တံဆိပ်အချိုရည်များ၊ Energy၊ ရေသန့် နှင့် နို့ပါဝင်သောအချိုရည်များကို ပြည်တွင်းရှိ မှော်ဘီနှင့် လှိုင်သာယာမြို့နယ်တို့တွင် ထုတ်လုပ်လျက်ရှိပြီး မိမိတို့၏လုပ်ငန်းလည်ပတ်မှုမှတဆင့် သာတူညီမျှသော စီးပွားရေးအခွင့်အလမ်းများကို ဖန်တီးဖော်ဆောင် ပေးလျက်ရှိပါသည်။ ထို့အပြင် Coca-Cola သည် ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်းများနှင့် ကျယ်ပြန့်သော ဈေးကွက်ဖြန့်ဖြူးရေးကွန်ရက် ကိုလည်း ဖန်တီးပေးထားပါသည်။

.

Coca-Cola Myanmar သည် တာဝန်သိစီးပွားရေးလုပ်ငန်းအဖြစ် တစ်စိုက်မတ်မတ် လုပ်ငန်းလည်ပတ်လျက် ရှိကာ မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် ပေးရန် လေလွင့်အမှိုက်ကင်းစင်ကမ္ဘာ (World Without Waste) အစီအစဉ်၊ စီးပွားရေးစွမ်းရည်မြှင့်တင်ရေး အစီအစဉ်၊ ရေပြန်လည်ဖြည့်တင်းပေးခြင်းအစီအစဉ် နှင့် လူထုအားကူညီပံ့ပိုးပေးသည့် အစီအစဉ်များ ကိုလည်းဆောင်ရွက်လျက်ရှိပါသည်။ ၂၀၁၂ ခုနှစ်မှစတင်၍ Coca-Cola သည် လူမှုအဖွဲ့အစည်းများအတွက် ကောင်းမွန်သောပြောင်းလဲမှုများဖော်ဆောင်ပေးရန် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် မျှဝေလှူဒါန်းခဲ့ပါသည်။

.

၂၀၂၀ ခုနှစ် "Myanmar Employer Awards Ceremony" တွင် ရရှိခဲ့သည့်ဂုဏ်ပြုဆုများစွာ ("Best of the Best" နှင့် "People's Choice" ဆုများ အပါအဝင်) သည် ကျွန်ုပ်တို့၏ ကတိကဝတ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့် ဂုဏ်သတင်းအား မြန်မာနိုင်ငံလူထု၏ အသိအမှတ်ပြုမှုလည်း ဖြစ်ပါသည်။

.

Wave Money အကြောင်း

 

Wave Money သည် မြန်မာနိုင်ငံအနှံ့တွင် Wave အရောင်းဆိုင်ပေါင်း ၅၀,၀၀၀ ကျော်ဖြင့် လည်ပတ်နေသော ထိပ်တန်းမိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းကျယ်ပြန့်သော အေးဂျင့်ကွန်ရက်မှတစ်ဆင့် လွယ်ကူမြန်ဆန်ပြီး ယုံကြည်စိတ်ချရသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပေးဆောင်လျက်ရှိသည်။ Wave Money သည် လူဦးရေသန်းနှင့်ချီသော မြန်မာနိုင်ငံသားများအတွက် တရားဝင်ငွေကြေးဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးခြင်းဖြင့် တမူထူးခြားသော ငွေလွှဲနည်းပုံစံအသစ်အား စတင်မိတ်ဆက်ခဲ့သည်။ နေ့စဉ်နှင့်အမျှ လူထောင်ပေါင်းများစွာသည် Wave Money ကို အသုံးပြု၍ နေရာမရွေး အချိန်မရွေး ငွေလွဲမှုများ ပြုလုပ်လျက်ရှိသည်။ Wave Money ဖုန်းခေါ်ဆိုမှုစင်တာသည် ၂၄ နာရီ ၇ ရက် အချိန်မရွေးလည်ပတ်နေပြီး အသုံးပြုသူများ၏ မေးမြန်းချက်များကို တုံ့ပြန်ဖြေကြားပေးနိုင်ရန်အတွက် အမြဲတမ်းအဆင်သင့်ရှိပါသည်။ အချက်အလက်များကို ပိုမိုသိရှိနိုင်ရန် Wave Money ၏ ဝက်ဘ်ဆိုက်ဖြစ်သည့် http://www.wavemoney.com.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

 

WavePay အကြောင်း

 

မြန်မာပြည်သူများအနေဖြင့် နေ့စဥ်ငွေကြေးဆိုင်ရာ ဆောင်ရွက်ချက်များ ပြုလုပ်ရာ၌ ပိုမိုအဆင်ပြေ လွယ်ကူ စေရန်အတွက် WavePay အား ၂၀၁၈ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့သည်။ WavePay သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်သစ်ကို ဆောင်ကြဉ်းလာသည့် မိုဘိုင်ပိုက်ဆံအိတ် အက်ပလီကေးရှင်းတစ်ခု ဖြစ်သည်။ ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်ခြင်းလစဉ်ကြေးများပေးဆောင်ခြင်း၊ ကြွေးမြီများပြန်လည်ပေးအပ်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ လက်မှတ် ဝယ်ယူခြင်း၊ လှူဒါန်းခြင်း အစရှိသည့် ဆောင်ရွက်ချက်များအား အွန်လိုင်းမှ အလွယ်တကူပြုလုပ်နိုင်ရန်အတွက် WavePay မှ Fintech နှင့် အဆင်ပြေစိတ်ချလုံခြုံသော ဒီဂျစ်တယ် ငွေပေးချေမှုစနစ်ကို မြှင့်တင်ပေးလျက်ရှိသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Get a chance to win up to 50 million Kyats in latest Coca-Cola™ promo 

“It’s Time to Drink Coke™” to give millions of exciting prizes and surprises 

Myanmar is about to have consumers’ exciting experience as Coca-Cola™ gives away over one million prize items to the lucky winners of “It’s Time to Drink Coke™” – the latest promo campaign by the beverage brand which will be running from November 1, 2022 until January 31, 2023. 

With afternoon breaks consisting of either playing checkers on the side with friends or jumping from one food stall to the other to enjoy the delicious afternoon snacks, “Coca-Cola” knows that breaks are made so much better when enjoyed with your delicious, ice-cold fizzy drink. Whether it’s Coca-Cola™ Original taste, Max+™ or Sprite™, you and your friends have a chance to win WavePay Cashback coupons daily, co-sponsored by Wave Money. The brand is also raffling off 14 smart phones each week and will be awarding 50 million Kyats in the grand raffle draw  during the 2nd week of February 2023. To  participate: 

  1. Buy Coca-Cola™ Original Taste, Max+™ or Sprite™  in PET bottles with the special yellow caps.

  2. Check under the cap for the unique code. 

  3. Scan the QR code on the bottle label. 

  4. Register and enter the unique code on the website.

 

Over one million prizes are up for grabs in It’s Time to Drink Coke™ promo. Lucky participants will either get a notification if they win the daily WavePay cashback prize, which will be credited to their receiving WavePay account or will receive a notification that they are eligible to win in the weekly draw. The lucky winners of the final draw, which will take place on the 14th week, will win 50 million Kyats. Daily winners will not be eligible to participate in the weekly prize pool, but all participants will get a chance to win the grand prize.

 

It’s Time to Drink Coke™ will runfrom November 1, 2022 until January 31, 2023. The grand prize draw will be announced during the 2nd week of February 2023. Winners will be posted each week on the official Facebook page of “Coca-Cola” (https://www.facebook.com/CocaColaMyanmar). To learn more, visit      luckybreaksMM.coca-cola.com

 

About Coca-Cola Myanmar

Coca-Cola has been proudly present in Myanmar since 2012, investing over $229 million in the local economy. Coca-Cola, Sparkling, Max+, Energy, Water, and Dairy are produced locally in Hmawbi and Hlaing Thar Yar, Myanmar, with a passion for consumers, thereby enabling shared economic opportunities throughout the whole supply chain in Myanmar. In addition, Coca-Cola offers over 1,000 direct employment opportunities and a vast distribution network.

Coca-Cola Myanmar is devoted to operating a responsible business and believes in doing the right thing by implementing sustainable programs for communities in Myanmar such as World Without Waste (WWW), Economic Empowerment, Water Replenishment, and Community Care. Since 2013, Coca-Cola has contributed over 10 million USD to making positive contributions to society.

Multiple honors (including "Best of the Best" and "People's Choice") obtained at the "Myanmar Employer Awards Ceremony" in 2020 demonstrate our dedication and reputation among the Myanmar populace.

About Wave Money

Wave Money is the leading mobile financial services provider operating with over 50,000 Wave shops across Myanmar and provides easy, fast and reliable mobile financial services through a nationwide agent network. Wave Money introduced a unique way of transferring money, bringing millions of people in Myanmar access to formal financial services. Through Wave Money, thousands of people a day are sending money anywhere and at any time. The Wave Money call center operates 24/7 and is always available to respond to any customer queries. For more information, please visit: http://www.wavemoney.com.mm.

About WavePay

WavePay was launched in 2018 to make every day financial transactions more convenient and accessible for the people of Myanmar. WavePay is a mobile wallet application that delivers a new era of digital paytech for Myanmar. WavePay fosters a vibrant fintech ecosystem and an enriching, secure and convenient digital payment experience and offers major use cases such as money transfer services, mobile top-up, bill payment, loan repayment, basic utility services payment, merchant payments and ticketing services.

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 
Read times Last modified on Monday, 28 November 2022 11:55
Rate this item
(1 Vote)