Myanmar
မြို့တော်စည်ပင် ဝက်သားဆိုင်လေလံ ဒုတိယနေ့ ကျပ်သိန်း ၄၈၀၀ကျော်ရရှိ
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဝက်သားဆိုင်ဖွင့်လှစ် ရောင်းချခွင့်ကို ဆိုင်ပေါင်း (၅၂) ဆိုင်ကို လေလံစနစ်နဲ့ ရောင်းချရာ ငွေကျပ်သိန်းပေါင်း ၄၈၀၀ကျော် ( ၄၈၁၃၂၆၀၀၀) ရရှိခဲ့ကြောင်း သိရသည်။
မြနန္ဒာစျေး၊ မြရည်နန္ဒာစျေး၊ စက်မှု(၁)စျေး၊ အောင်သာယာစျေး၊ ဧရာထွန်းစျေး၊ ကံသာယာစျေး၊ စိန်ပန်းစျေး၊ ညောင်ပင်လေးစျေး၊ ချမ်းမြရွှေပြည်စျေး၊ ပြည်ရန်ကျော်စျေး၊ ၄၂လမ်းကုန်းကျော်စျေး၊ ရတနာပုံ(စ)စျေး၊ တံခွန်တိုင်စျေး၊ ရန်အောင်စျေး၊ စက်မှု(၂) စျေး၊ ၄၅လမ်းမနော်ဟရီစျေး၊ မဟာမြိုင်စျေး၊ မြို့မ (သိမ်ကြီးစျေး၊ နန်းရတနာစျေး) မြစ်ငယ်စျေး၊ နန်းတော်ရှေ့စျေး၊ ချမ်းအေးစည်သာစျေး၊ ရန်ကြီးအောင်စျေး၊ ယောမင်းကြီးစျေးများရှိ ဝက်သားဆိုင်များကို လေလံစနစ်နဲ့ ရောင်းချခွင့် ပေးခဲ့တာပဲ ဖြစ်ပါသည်။
"လေလံပွဲများမှာ အမှန်တကယ် ဆွဲဝယ်ခြင်းမပြုဘဲ ပန်းကြေးစားပြီး စီးပွားရှာသူတွေကို ကော်မတီက ဖော်ထုတ်အရေးယူမယ့်အကြောင်း အတိအလင်း ကြေညာဆောင်ရွက်တဲ့အတွက် လေလံဆွဲဝယ်သူ အချင်းချင်း ဖျက်မြင်းလုပ်သူကို လက်သိပ်ထိုး ငွေပေးရန်မလိုတော့တာကြောင့် လေလံဆွဲသူများက ပေါက်စျေး အတိုင်း ကြေးကုန်ပေးပြီးဝယ်ယူ ကြတာတွေ့ရပါတယ်"လို့ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောပါသည်။
စားသုံးသူများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ရေး၊ ကိုဗစ်ကြောင့် စီးပွားရေးအခက်အခဲကြုံခြင်းကို ကာမိစေရေးအတွက် လေလံကြမ်းခင်း စျေးကို MCDC က ယခုနှစ်မှာ လျှော့ချ သတ်မှတ် ပေးထားကြောင်း သိရသည်။
သြဂုတ်လ ၂၅ ရက်က ဝက်သားဆိုင် ၅၂ ဆိုင်ကို သိန်း ၁၄၀၀ ကျော် (၁၄၉၆၈၆၀၀၀)၊ သြဂုတ်လ ၂၆ ရက်က ၄၈၀၀ ကျော် (၄၈၁၃၂၆၀၀၀) နှစ်ရက်ပေါင်း ကျပ်သိန်း ၆၃၁၀ကျော် (၆၃၁၀၁၂၀၀၀) ရှိခဲ့ကြောင်း သိရပါသည်။
By Myanmar Food Guide



