Myanmar
မြန်မာ့ဆန် ဘင်္ဂလားဒေ့ရှ်သို့ တန်ချိန် ၁၁၀,၀၀၀ တင်ပို့ပြီးစီး
မြန်မာ့ဆန် ဘင်္ဂလားဒေ့ရှ်သို့ တန်ချိန် ၁၁၀,၀၀၀ တင်ပို့ပြီးစီး
မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအစိုးရတို့အကြား ဆန်စပါး ကုန်သွယ်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding - MoU) ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါနားလည်မှု စာချွန်လွှာအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ် အများဆုံး ဆန်ဖြူတန်ချိန် (၂၅၀၀၀၀)ထိနှင့် ပေါင်းဆန် တန်ချိန် (၅၀၀၀၀)ထိတို့အား တင်ပို့ရောင်းချနိုင်မည်ဖြစ်သည်။
အဆိုပါ MoU အရ မြန်မာနိုင်ငံမှာ Myanmar Rice Federation – MRF နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ Directorate General of Food တို့မှ ဧည့်မထ ၅ % တန်းမြင့်ဆန် တန်ချိန် (၂၀၀,၀၀၀)တင်ပို့ရန် သဘောတူစာချုပ် (Sales Contract) ကို ချုပ်ဆိုခဲ့ပြီး တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ Sales Contract အရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့အထိ ဆန်တန်ချိန် (၁၁၀,၀၀၀) ခန့်အား တင်ပို့ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။ တင်ပို့ ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် (၂,၀၀၀) ကျော်အား သင်္ဘောတင်ဆဲဖြစ်ပြီး ကျန်ရှိသည့် ဆန်များအား သက်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။
Source commercial



