Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


လျှာကျွမ်းပြန်ကော်ရည်ခေါက်ဆွဲ

လျှာကျွမ်းပြန် ကော်ရည်ခေါက်ဆွဲကို ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး အိမ်တွင် လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကော်ရည်ခေါက်ဆွဲ ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ကြက်၊ ပြောင်းဖူးမှုန့်၊ မှိုခြောက်၊ ကြွက်နားရွက်မှို၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်ဖြူ၊ ငါးပိစိမ်းစား တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်၍ ထည့်ပြီး ဆားအနည်းငယ်ထည့်၍ ပြုတ်လိုက်ပါ။ ကြက်ပြုတ်ရည်က အရိုးပါရင် ပိုအရသာရှိတဲ့အတွက် အရိုးရောအသားပါ ရော၍ ပြုတ်ပါ။

 

ပြီးလျှင် ကော်ရည်ခေါက်ဆွဲ မချက်ခင်တွင် မှိုများကိုရေစိမ်ထားပါ။

 

ပြီးနောက် ရေစိမ်ထားမှိုများကို ပါးပါးလှီးထားပါ။ ကြက်ဥကို ခွဲပြီး ပန်းကန်လုံးထဲထည့်၍ မွှေထားပါ။ ပြောင်းဖူးမှုန့်ကိုရေဖျော်ထားပါ။ ပြီးလျှင် နူးနေသောကြက်သားများကို အမျှင်လေးများထွင်ထားပါ။

 

ပြီးရင်တော့ ကြက်ပြတ်ရေခပ်နွေးနွေး ရှိနေချိန်မှာ ကော်ရေကိုရောပါ။ အဲဒါမှ ကော်ရည်ဟာ ပြတ်ရည်နဲတသားတည်းဖြစ်သွားပါမယ်။ ကော်ရည် လည်း မခဲတော့ဘူး။

 

ကော်ရည်ထည့်ပြီးရင်တော့ မီးအပူပေးကာဖြေးဖြေးချင်း မွှေပေးထားပါ။ ပြီးနောက် ကြက်သားဖတ်များ၊ မှိုများ ထည့်လိုက်ပါ။ ကြက်ပြုတ်ရည် ပွက်ပွက်ဆူလာရင် မွှေထားတဲ့ ကြက်ဥကို ဖြေးဖြေးချင်းလောင်းထည့်လိုက်ပြီး မွှေပေးထားပါ။

 

ကြက်ဥရည်များကနေ အမျှင်လေးများဖြစ်လာပါမယ်။ အဲဒီအခါမှ ပဲငံပြာရည်များနဲ့ ခရုဆီ ရောပါ။ ဟင်းရည်တော်တော်ပျစ်လာရင် ငရုတ်ကောင်းဖြူးလိုက်ပါ။

 

ပြီးရင်တော့ ကော်ရည်နှင့် တွဲစားဖိွုှ့တွက် ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်ကို ပွက်ပွက်ဆူနေသော ရေဖြင့် လောင်းပြီး ရေအေးနဲ့ ပြန်စိမ်ထားပါ။

 

ကော်ရည်နဲ့ တွဲစားဖို့အတွက် ငါးပိစိမ်းစားကို မီးကင်ပေးပါ။ ပြီးလျှင် ကြက်သွန်ဖြူ၊ နဲ့ ငရုတ်သီးစိမ်းကို မီးကင်ပြီး ထောင်းပေးထားပါ။ ကြက်သွန်နီနဲ့ ဟင်းခတ်မှုန့်ကိုလည်း ထည့်လိုက်ပါ။ ပြီးရင်တော့ ငါးပိထောင်းစပ်စပ်လေးကိုရပါပြီ။

 

ကော်ရည်ခေါက်ဆွဲ စားဖို့အတွက် အရွက်များထည့်ပြီးနာက် ဟင်းရည်ပူပူ ပျစ်ပျစ်ကိုလောင်းထည့်ပြီး ငါးပိထောင်း စပ်စပ်ဖြင့်အရသာရှိရှိစားသုံးနိုင်ပါတယ်။

Read More >>>>>  သက်သတ်လွတ် ဒုတ်ထိုးလေးလုပ်စားရအောင်

Read times Last modified on Monday, 29 October 2018 13:15
Rate this item
(1 Vote)