Myanmar
နိုဝင်ဘာလတွင် ဖိလစ်ပိုင်က မြန်မာ့ဆန် ဒုတိယအများဆုံး တင်သွင်းခဲ့
နိုဝင်ဘာလတွင် ဖိလစ်ပိုင်က မြန်မာ့ဆန် ဒုတိယအများဆုံး တင်သွင်းခဲ့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဖိလစ်ပိုင်သည် နိုဝင်ဘာလတွင် ဆန်တန်ချိန် ၃.၃၇ သန်း တင်သွင်းခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံမှ Bureau of Plant Industry (BPI) မှ နောက်ဆုံးထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ယခုနှစ်တွင် ဆန်အများဆုံးတင်သွင်းသည့် လမှ ဩဂုတ်လဖြစ်ပြီး တန်ချိန် ၄၃၃,၄၅၄ တင်သွင်းခဲ့သည်။
ဖိလစ်ပိုင်သည် ဆန်ကို တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မြန်မာ၊ ပါကစ္စတန်၊ စင်ကာပူ၊ စပိန်၊ ထိုင်းနှင့် ဗီယက်နမ်တို့ထံမှ တင်သွင်းခဲ့သည်။
ဗီယက်နမ်ထံမှ ဆန်အများဆုံးတင်သွင်းခဲ့ပြီး တန်ချိန် ၂.၈၁ သန်း တင်သွင်းခဲ့သည်။
ဒုတိယအများဆုံး တင်သွင်းခဲ့သည်မှာ မြန်မာဆန် ဖြစ်ပြီး တန်ချိန် ၂၁၅,၉၁၈ တင်သွင်းခဲ့သည်။
တတိယအများဆုံးမှာ ထိုင်းဆန်ဖြစ်ပြီး တန်ချိန် ၁၆၆,၅၀၁ တင်သွင်းခဲ့သည်။
ဆန်အများဆုံး တင်သွင်းသည့် လုပ်ငန်းမှာ NAN STU Agri Traders ဖြစ်ပြီး တန်ချိန် ၁၈၉,၂၁၀ တင်သွင်းခဲ့သည်။
ဒုတိယအများဆုံးမှာ Manus Dei Resources Ent. Inc. ဖြစ်ပြီး ဆန်တန်ချိန် ၁၅၂,၇၅၁ တင်သွင်းခဲ့သည်။
Lucky Buy and Sell သည် တတိယအများဆုံး ဆန်တင်သွင်းသူဖြစ်ပြီး တန်ချိန် ၁၄၄,၈၅၁ တင်သွင်းခဲ့ပါသည်။
Source philstar
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U