Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် မုန်လာဥ အစိမ်းသုပ်

မိသားစု ထမင်းဝိုင်းလေးအတွက် အရမ်းကို အဆင်ပြေစေတဲ့ အသုပ်မျိုးဖြစ်ပါတယ်။

 

ချဉ်ငံစပ်ပြီး ကြွပ်ကြွပ် မွှေးမွှေးလေးနဲ့ ထမင်းမြိန်စေတဲ့ မုန်လာဥအစိမ်းသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ မုန်လာဥ၊ သံပရာသီး၊ နံနံပင်၊ ဟင်းခတ်မှုန့်၊ ပဲမှုန့်အကျက်၊ ပုစွန်ခြောက်မှုန့်၊ ငရုတ်သီးမှုန့်၊ ကြက်သွန်ဖြူဆီချက်၊ သံပရာရည်၊ ငံပြာရည်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး မုန်လာဥကို အခွံခွာပြီး သေးသေးမျှင်မျှင်လေးရအောင် ခြစ်ရပါမယ်။

 

ပြီးလျှင် နံနံပင်ကို ရေဆေးပြီး အနေတော်လှီးဖြတ်ထားပါ။

 

ပြီးနောက် ပါဝင်ပစ္စည်းများအားလုံးကို ပြင်ဆင်ထားပေးပါ။

 

အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင်တော့ ပါဝင်ပစ္စည်းများအားလုံးကို ဇလုံထဲသို့ထည့်ပြီး ခပ်ဖွဖွလေး နယ်ပေးထားပါ။

 

Read More >>>>> ထမင်းမြိန်စေမယ့် ချဉ်ပေါင်သီး ငါးပိကြော်

 

ပြီးနောက် အပေါ့အငန်မြည်းကြည့်ပြီး မိမိတို့စိတ်ကြိုက်ရပြီဆိုရင်တော့ ပန်းကန်တစ်ခုထဲသို့ထည့်ပြီး ထမင်းပူပူလေးနဲ့ မုန်လာဥအစိမ်းသုပ်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 06 February 2019 14:33
Rate this item
(1 Vote)