Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရှမ်းအစားအစာ ငါး ထမင်းချဉ်

ရှမ်းပြည်ကို သွားစရာမလို၊ ရှမ်းဆိုင်တွင်လည်း သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်

ကိုယ်တိုင်လုပ်စားနိုင်တဲ့ ရှမ်းအစားအစာတစ်မျိုးဖြစ်တဲ့ ငါးထမင်းချဉ် ပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ငါး၊ ဆန်၊ ခရမ်းချဉ်သီး၊ ပဲပုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ ကြက်သားမှုန့်၊ ငံပြာရည်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ဆန်ကို ရေဆေးပြီး ချက်ထားပါ။ ပြီးလျှင် ငါးကို ရေဆေးသန့်စင်ပြီး ဆား၊ နနွင်းနှင့် ရေအနည်းငယ်ထည့်ပြုတ်လိုက်ပါ။

 

ငါးနူးပြီဆိုရင် ငါးကို အအေးခံပြီး အရိုးနွှင်ထားပါ။

 

ပြီးလျှင် ခရမ်းချဉ်သီးကိုလည်းပြုတ်၍ အိလာလျှင်ဆယ်ပြီး လှီးထားပါ။ ပြီးနောက် ကြက်သွန်ဖြူကို အခွံခွာပြီး ပါးပါးလှီး၍ ဆီသတ်ထားပါ။

 

ကြက်သွန်ဖြူ ကြွပ်လာလျှင် အဖတ်ဆယ်ပြီး ကြက်သွန်နီကို ဆက်၍ ကြော်ပေးထားပါ။ ကြက်သွန်နီကြွပ်ခါနီးပြီဆိုလျှင် အရိုးနွှင်ထားသောငါးကိုထည့်ပြီး လုံးပေးပါ။

 

ကြက်သွန်များအားလုံး ကြေသွားလျှင် မီးပိတ်၍ အအေးခံထားပါ။

 

ပြီးပြီဆိုရင် ထမင်းနယ်ဖို့အတွက် ဇလုံကြီးကြီးတစ်လုံးထဲသို့ ထမင်းကို ထည့်လိုက်ပါ။

 

ပြီးလျှင် ငါးအနှစ်၊ ခရမ်းချဉ်သီးအနှစ်၊ ဆားနှင့် ကြက်သားမှုန့်တို့ကို ရော၍ နယ်ပေးပါ။

 

ပဲပုပ်ကြိုက်လျှင် ပဲပုပ်ချပ်ကို မီးကင်ပြီး ထောင်၍ ထည့်နိုင်ပါတယ်။

 

ထမင်းကို နယ်ပြီး စီးလာလျှင် လိုသလို အလုံးလေးများလုံး၍ ကြက်သွန်ဖြူကြော်ကို အပေါ်မှတင်ကာ သုံးဆောင်နိုင်ပါတယ်။ ရှမ်းအစားအစာ ငါးထမင်းချဉ်ကို ဝက်အူချောင်းကြော်၊ ပဲပုပ်ကြော်၊ ဂျူးမြစ် စသည်ဖြင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:53
Rate this item
(2 votes)