Myanmar
Myanmar Dry Sunset
Unicode ဖြင့်ဖတ်ရန်
Myanmar Dry Sunset
သူငယ်ချင်းတွေနဲ့ ညဘက်မှာဆုံဖြစ်ဖြစ်၊ ကမ်းခြေထွက်ရင်ပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်ပြီး သောက်နိုင်တဲ့ Cocktail တစ်ခွက်စာပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ Myanmar Dry Gin ၂ ပက်၊ Grendine Red Syrup လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ လိမ္မော်ရည် တို့ လိုအပ်ပါမယ်။
Myanmar Dry Sunset Cocktail က ရိုးရှင်းပြီး အလွယ်တကူဖျော်စပ်နိုင်တဲ့ Cocktail တစ်မျိုးဖြစ်ပါတယ်။
ဘယ်လိုဖျော်စပ်မလဲဆိုတော့ Myanmar Dry Gin ၂ ပက်ကို ဖျော်စပ်မည့် ဖန်ခွက်အတွင်းသို့ထည့်ပါ။ ပြီးနောက် လိမ္မော်အချိုရည်ကို ခွက်အပြည့်လောင်းထည့်ပြီး Grendine Red Syrup ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာ ထည့်ပါ။
ရေခဲသင့်တော်ယုံထည့်ပြီး ကောင်းစွာ Shake လုပ်ပြီးနောက် သောက်သုံးမည့် ခွက်အတွင်းသို့ထည့်ကာ လိမ္မော်သီးစိတ်ကလေးများလဲ အလှဆင်ပြီး သောက်သုံးနိုင်ပါသည်။
မှတ်ချက် - Cocktail တစ်ခွက်စာသာဖြစ်သည်။