Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ရွမ္းစတိုင္ မုန္ညင္းအမဲလံုးဟင္းခ်ိဳ

ရွမ္းစတိုင္ မုန္ညင္းအမဲလံုး ဟင္းခ်ိဳေလး အေၾကာင္းကို ေဖာ္ျပေပးလုိက္ပါတယ္။

အမဲသားအစား ႏွစ္သက္ရာအသားႏွင့္လည္း ခ်က္ႏိုင္ပါတယ္။ အသားလံုးဟင္းခ်ဳိကို ဆိုင္တြင္ သြားစားစရာမလိုဘဲ အိမ္တြင္လည္း လြယ္လင့္တကူ ခ်က္ျပဳတ္ႏိုင္ပါတယ္။

 

အမဲသားလံုးလုပ္ရန္အတြက္ ပါ၀င္ပစၥည္းေတြကေတာ့ အမဲသား၊ မုန္ညင္းရြက္၊ ခ်င္း၊ ၾကက္သြန္ျဖဴ၊ ဆား၊ ဟင္းခတ္မႈန္႔၊ ေကာ္မႈန္႔ တုိ႔ လိုအပ္ၿပီး အရည္အတြက္ကေတာ့ ၾကက္ျပဳတ္ရည္၊ ဆား၊ ဟင္းခတ္မႈန္႔၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ခ်င္း၊ မုန္ညင္းစိမ္း တို႔ လိုအပ္ပါမယ္။

ပထမဦးဆံုး အမဲလံုးျပဳလုပ္ရန္ အသားကို ႀကိတ္စက္ႏွင့္ ႀကိတ္ထားပါ။ ၿပီးလွ်င္ မုန္ညင္းစိမ္းကို အ႐ိုးႏွင့္အရြက္ သီးသန္႔ဖယ္ထားပါ။

 

အမဲလံုးအတြက္ မုန္ညင္းရြက္ကို ႏုတ္ႏုတ္စင္းၿပီး အရည္ထုတ္ကာ အမဲသားစင္းထားသည္ႏွင့္ေရာႀကိတ္ပါ။

 

ၿပီးေနာက္ ပန္းကန္တစ္ခုတြင္ အမဲသားမုန္ညင္းႀကိတ္ထားတာကို ထည့္လိုက္ပါ။ ၿပီးလွ်င္ ဆား၊ ဟင္းခတ္မႈန္႔၊ ခ်င္း၊ ၾကက္သြန္ျဖဴေထာင္း၊ ေကာ္မႈန္႔တို႔ကိုထည့္၍ သမေအာင္ေရာေမႊထားပါ။

 

စိတ္ႀကိဳက္အရြယ္အသားလံုးေလးရေအာင္လုပ္ၿပီးရင္ေတာ့ ေရခဲေသတၱာထဲထည့္ထားပါ။

 

ဟင္းခ်ဳိအိုးတည္ရန္အတြက္ ၾကက္ျပဳတ္ရည္ကို မီးဖိုေပၚတင္ၿပီးရင္ေတာ့ ၾကက္သြန္နီ၊ ခရမ္းခ်ဥ္သီးပါးပါးစိတ္ထည့္၊ ၾကက္သြန္ျဖဴ ဓားျပား႐ိုက္ထည့္၍ ခ်င္းကိုလည္း ထုၿပီး ထည့္လိုက္ပါ။

Read more >>> https://www.foodindustrydirectory.com.mm/articles/item/573-malay-style-prawn-with-french-bean.html

ၿပီးလွ်င္ ဆား၊ ဟင္းခတ္မႈန္႔ထည့္ၿပီး ဟင္းရည္ဆူေအာင္တည္ေပးပါ။ ဟင္းရည္ဆူပါက အသားလံုးမ်ားထည့္လိုက္ပါ။

 

အသားလံုးမ်ားက်က္ၿပီး အေပၚသို႔ ေပါေလာေပၚလာပါက ေနာက္ဆံုးမွ မုန္ညင္းစိမ္းအ႐ိုးကို ေရေဆးၿပီး လွီးျဖတ္ထည့္ေပးပါ။ ၿပီးလွ်င္ အရသာအေပါ့အငန္ျမည္း၍ မီးဖုိမွခ်ကာ ထမင္းပူပူေလးႏွင့္တြဲဖက္၍ ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။

 

Unicode ျဖင့္ဖတ္ရန္

ရှမ်းစတိုင် မုန်ညင်းအမဲလုံးဟင်းချို   Meet Ball with Green Mustard Soup

ရှမ်းစတိုင် မုန်ညင်းအမဲလုံး ဟင်းချိုလေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ အမဲသားအစား နှစ်သက်ရာအသားနှင့်လည်း ချက်နိုင်ပါတယ်။ အသားလုံးဟင်းချိုကို ဆိုင်တွင် သွားစားစရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်ပါတယ်။
အမဲသားလုံးလုပ်ရန်အတွက် ပါ၀င်ပစ္စည်းတွေကတော့ အမဲသား၊ မုန်ညင်းရွက်၊ ချင်း၊ ကြက်သွန်ဖြူ၊ ဆား၊ ဟင်းခတ်မှုန့်၊ ကော်မှုန့် တို့ လိုအပ်ပြီး အရည်အတွက်ကတော့ ကြက်ပြုတ်ရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ မုန်ညင်းစိမ်း တို့ လိုအပ်ပါမယ်။

ပထမဦးဆုံး အမဲလုံးပြုလုပ်ရန် အသားကို ကြိတ်စက်နှင့် ကြိတ်ထားပါ။ ပြီးလျှင် မုန်ညင်းစိမ်းကို အရိုးနှင့်အရွက် သီးသန့်ဖယ်ထားပါ။
အမဲလုံးအတွက် မုန်ညင်းရွက်ကို နုတ်နုတ်စင်းပြီး အရည်ထုတ်ကာ အမဲသားစင်းထားသည်နှင့်ရောကြိတ်ပါ။
ပြီးနောက် ပန်းကန်တစ်ခုတွင် အမဲသားမုန်ညင်းကြိတ်ထားတာကို ထည့်လိုက်ပါ။ ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်၊ ချင်း၊ ကြက်သွန်ဖြူထောင်း၊ ကော်မှုန့်တို့ကိုထည့်၍ သမအောင်ရောမွှေထားပါ။
စိတ်ကြိုက်အရွယ်အသားလုံးလေးရအောင်လုပ်ပြီးရင်တော့ ရေခဲသေတ္တာထဲထည့်ထားပါ။
ဟင်းချိုအိုးတည်ရန်အတွက် ကြက်ပြုတ်ရည်ကို မီးဖိုပေါ်တင်ပြီးရင်တော့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးပါးပါးစိတ်ထည့်၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်၍ ချင်းကိုလည်း ထုပြီး ထည့်လိုက်ပါ။
ပြီးလျှင် ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီး ဟင်းရည်ဆူအောင်တည်ပေးပါ။ ဟင်းရည်ဆူပါက အသားလုံးများထည့်လိုက်ပါ။
အသားလုံးများကျက်ပြီး အပေါ်သို့ ပေါလောပေါ်လာပါက နောက်ဆုံးမှ မုန်ညင်းစိမ်းအရိုးကို ရေဆေးပြီး လှီးဖြတ်ထည့်ပေးပါ။ ပြီးလျှင် အရသာအပေါ့အငန်မြည်း၍ မီးဖိုမှချကာ ထမင်းပူပူလေးနှင့်တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:57
Rate this item
(1 Vote)