Myanmar



မန္တလေး ဟင်းသီးဟင်းရွက်နှင့်အသီး ပြောင်း ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ဟင်းသီးဟင်းရွက်နှင့်အသီး ပြောင်း ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

2 8 2023

မန္တလေးဈေးကွတ်တွင် ရှမ်းတောင် ခရမ်းချဉ် (အင်းသီး) ၂၀ ပိဿာ တသေတ္တာလျှင် ၃၄၀၀၀ ကျပ်၊ ပြင်ဦးလွင်ကျင်းသီး ၂၀ ပိဿာ တသေတ္တာလျှင် ၁၉၀၀၀ ကျပ် ဈေးရှိပြီး မြို့တွင်းသုံးနှင့် မြစ်ကြီးနား ၊ လုံးခင်းသို့တင်ပို့မှု့ရှိသည်။


ငရုတ်စို (ရှည်) မှာ တပ်ကုန်းမှအဝင်နည်းသွားပြီး မိတ္ထီလာမှ ဝင်ရောက်လာသဖြင့် တစ်ပိဿာ ၃၂၀၀ ကျပ်၊ ငရုတ်စို (လတ်) မှာ မန္တလေးနှင့် ပုသိမ်ကြီးဝန်းကျင်မှ ဝင်ရောက်ပြီး အဝင်နည်းကာ ငပိထောင်း၊ လဖက်သမား အဝယ်များသဖြင့် တစ်ပိဿာ ၇၅၀၀ ကျပ်ထိဈေးမြင့်နေသည်။

 

အောင်ပန်းမှ ပန်းမုံလာတစ်ပွင့် ၈၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၁၀၀၀ ကျပ် ၊ ဗိုလ်စားပဲသီး တစ်ပိဿာ ၁၅၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၁၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံးနှင့် အမှာရှိသော မြို့များသို့ တင်ပို့သည်၊

 

မန္တလေး ဝန်းကျင်မှ ထိုင်ဝမ်ပြောင်း ၁၀၀ ဖူးလျှင် ၁၈၀၀၀ ကျပ်မှ ၂၀၀၀၀ ကျပ်ဖြင့် ကျောင်းဈေးနှင့် လက်လီသမား အဝယ်များသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Thursday, 03 August 2023 18:09
Rate this item
(0 votes)