Myanmar
ၾကက္ဥႏွင့္အာလူးေၾကာ္
ကေလးမ်ားႀကိဳက္ႏွစ္သက္တဲ့ ၾကက္ဥ၊ အာလူး ေၾကာ္နည္းေလးကို ေဖာ္ျပေပးလိုက္ပါတယ္။
ၾကက္ဥနဲ႔ အာလူးအျပင္ ကိုယ္ႏွစ္သက္ရာ ၾကက္ဥနဲ႔လိုက္ဖက္တဲ့ မည္သည့္အသီးအရြက္ကိုမဆို ထည့္ေၾကာ္ႏိုင္ပါတယ္။
ပါ၀င္ပစၥည္းေတြကေတာ့ ၾကက္ဥ၊ အာလူး၊ ၀က္ေပါင္ေျခာက္၊ မုန္လာဥနီ၊ ဗိုလ္စားပဲသီး၊ ၾကက္သြန္ၿမိတ္၊ င႐ုတ္ေကာင္း၊ ဟင္းခတ္မႈန္႔၊ ဆား၊ ဆီ တို႔ လိုအပ္ပါမယ္။
ပထမဆံုး အာလူးကိုျပဳတ္ၿပီး နွစ္သက္ရာအရြယ္ အတံုးေလးမ်ား လွီးထားပါ။
ၿပီးလွ်င္ ၀က္ေပါင္ေျခာက္ကို ေလးေထာင့္ အတံုးေသးေသးလွီးထားပါ။
ၿပီးေနာက္ မုန္လာဥနီကို အကြင္းလွိီးၿပီး၊ အေခ်ာင္းရွည္ ေလးျဖစ္ေအာင္လွီးထားပါ။
ၿပီးရင္ေတာ့ ပဲသီးကို ေရဆူထဲ ထည့္ျပဳတ္ၿပီး အေရာင္စိမ္းရင့္လာတာနဲ႔ ဆယ္ယူကာ အေအးခံၿပီး ပါးပါးလွီးထားပါ။
ၾကက္ဥကို ေခါက္ၿပီး ေမႊထားပါ။ ဆား၊ ဟင္းခတ္မႈန္႔နဲ႔ လွီးထားတာေတြ အကုန္ေရာေမႊပါ။
မကပ္သည့္ဒယ္အိုးထဲ ဆီအနည္းငယ္ထည့္ပါ။ မီးဖိုေပၚတင္ပါ။ မီးအေနေတာ္ဆိုရင္ရပါၿပီ။
ဆီက်က္ၿပီဆုိရင္ ေမႊထားတဲ့ ၾကက္ဥရည္ထည့္ပါ။ အသားနဲ႔ အသီးအရြက္မ်ား ဒယ္အိုးအႏွံ႔ အညီအမွ်ရွိေနေအာင္ တူနဲ႔ျဖန္႔ထားပါ။
ၿပီးေနာက္ အဖံုးအုပ္ၿပီး မီးအနည္းငယ္ႏွင့္ မိနစ္အနည္းငယ္ခန္႔ထားပါ။ ေဘးသားမ်ား က်က္လာလွ်င္ မီးပိတ္လိုက္ပါ။ မီးအပူ က်န္ေလးနဲ႔ ၾကက္ဥခဲသြားပါလိမ့္မယ္။
ၾကက္ဥအေပၚ မ်က္ႏွာျပင္တင္းလာလွ်င္ ပန္းကန္ျပားကို အိုးေပၚေမွာက္ခ်ၿပီး အိုးကို ပန္းကန္ျပားေပၚ ေဇာက္ထိုးထားလိုက္လွ်င္ ၾကက္ဥေၾကာ္ ေမွာက္လ်က္ေလး ထြက္လာပါလိမ့္မယ္။
ေနာက္ဆံုးမွ င႐ုတ္ေကာင္းမႈန္႔ ျဖဴးၿပီး ၾကက္သြန္ၿမိတ္ျဖဴးၿပီးလွ်င္ေတာ့ ကေလးမ်ားအႀကိဳက္ေတြ႕ေစမည့္ ၾကက္ဥအာလူးေၾကာ္ေလးကို အသင့္သံုးေဆာင္ႏိုင္ပါၿပီ။
Unicode ျဖင့္ဖတ္ရန္
ကြက်ဥအာလူးကြော် ( Frittata)
ကလေးများကြိုက်နှစ်သက်တဲ့ ကြက်ဥ၊ အာလူး ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ကြက်ဥနဲ့ အာလူးအပြင် ကိုယ်နှစ်သက်ရာ ကြက်ဥနဲ့လိုက်ဖက်တဲ့ မည်သည့်အသီးအရွက်ကိုမဆို ထည့်ကြော်နိုင်ပါတယ်။
ပါ၀င်ပစ္စည်းတွေကတော့ ကြက်ဥ၊ အာလူး၊ ၀က်ပေါင်ခြောက်၊ မုန်လာဥနီ၊ ဗိုလ်စားပဲသီး၊ ကြက်သွန်မြိတ်၊ ငရုတ်ကောင်း၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဆုံး အာလူးကိုပြုတ်ပြီး နှစ်သက်ရာအရွယ် အတုံးလေးများ လှီးထားပါ။
ပြီးလျှင် ၀က်ပေါင်ခြောက်ကို လေးထောင့် အတုံးသေးသေးလှီးထားပါ။
ပြီးနောက် မုန်လာဥနီကို အကွင်းလှိီးပြီး၊ အချောင်းရှည် လေးဖြစ်အောင်လှီးထားပါ။
ပြီးရင်တော့ ပဲသီးကို ရေဆူထဲ ထည့်ပြုတ်ပြီး အရောင်စိမ်းရင့်လာတာနဲ့ ဆယ်ယူကာ အအေးခံပြီး ပါးပါးလှီးထားပါ။
ကြက်ဥကို ခေါက်ပြီး မွှေထားပါ။ ဆား၊ ဟင်းခတ်မှုန့်နဲ့ လှီးထားတာတွေ အကုန်ရောမွှေပါ။
မကပ်သည့်ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပါ။ မီးဖိုပေါ်တင်ပါ။ မီးအနေတော်ဆိုရင်ရပါပြီ။
ဆီကျက်ပြီဆိုရင် မွှေထားတဲ့ ကြက်ဥရည်ထည့်ပါ။ အသားနဲ့ အသီးအရွက်များ ဒယ်အိုးအနှံ့ အညီအမျှရှိနေအောင် တူနဲ့ဖြန့်ထားပါ။
ပြီးနောက် အဖုံးအုပ်ပြီး မီးအနည်းငယ်နှင့် မိနစ်အနည်းငယ်ခန့်ထားပါ။ ဘေးသားများ ကျက်လာလျှင် မီးပိတ်လိုက်ပါ။ မီးအပူ ကျန်လေးနဲ့ ကြက်ဥခဲသွားပါလိမ့်မယ်။
ကြက်ဥအပေါ် မျက်နှာပြင်တင်းလာလျှင် ပန်းကန်ပြားကို အိုးပေါ်မှောက်ချပြီး အိုးကို ပန်းကန်ပြားပေါ် ဇောက်ထိုးထားလိုက်လျှင် ကြက်ဥကြော် မှောက်လျက်လေး ထွက်လာပါလိမ့်မယ်။
နောက်ဆုံးမှ ငရုတ်ကောင်းမှုန့် ဖြူးပြီး ကြက်သွန်မြိတ်ဖြူးပြီးလျှင်တော့ ကလေးများအကြိုက်တွေ့စေမည့် ကြက်ဥအာလူးကြော်လေးကို အသင့်သုံးဆောင်နိုင်ပါပြီ။