Myanmar



မန္တလေး ကြက်သွန် ဖြူ/နီ အာလူး ဈေးနှုန်းများ အခြေအနေ

မန္တလေး ကြက်သွန် ဖြူ/နီ အာလူး ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မန္တလေးကိုင်းတန်းဈေး ကြက်သွန်ပွဲရုံများတွင် မြစ်သားကြက်သွန်များအဝင်နည်းသွားခြင်း၊ အရည်အသွေးကောင်းလာခြင်းကြောင့် ဈေးမသိမသာမြင့်တက်ပါးသည်။

 

 ကြက်သွန်နီ

 (ကြီး) တပိဿာ ၁၅၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ 

(လတ်) တပိဿာ ၁၆၀၀ ကျပ် 

(သေး) တပိဿာ ၁၀၀၀ ကျပ်မှ ၁၃၀၀ ကျပ်သို့ 

ဈေးမသိမသာမြင့် သွားသည်။

 

ကြက်သွန်ဖြူ (ရှမ်း) အသစ်မဝင်သေးဘဲ ကြက်သွန်ဖြူ (မြေပြန့်) မှာ အရည်အသွေးပေါ် မူတည်၍ အနိမ့်ဆုံး ၃၅၀၀ ကျပ် မှ တပိဿာ ၅၅၀၀ ကျပ်ထိ ဈေးအသီးသီးဖြင့် ရောင်းဝယ်မှု ရှိသည်။

 

 ကြက်သွန်ဖြူ (တရုတ်) မှာ အဝင်ပုံမှန်၊ စားသုံးမှုပုံမှန် တပိဿာ ၃၇၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။ 

 

အာလူးအနေဖြင့် ပခုက္ကူ၊ ဘန့်သွေး အာလူးများအဝင်များပြီး ပခုက္ကူအာလူး တပိဿာ ၂၀၀၀ ကျပ် ဘန့်ဘွေးအာလူး ၁ပိဿာ ၁၇၀၀ ကျပ်၊ ချင်းတပိဿာ ၁၇၀၀ ကျပ်ဖြင့် ရွှေတော၊ မိုးမိတ်၊ တနိုင်း၊ မိုးညှင်းနှင့်အမှာရှိသော မြို့များသို့ တင်ပို့မှုရှိသည်။ ရန်ကုန်ပွဲရုံနှင့် မန္တလေးပွဲရုံအချို့ ချိတ်ဆက်မှာယူမှုများလည်း ရှိကြောင်းသိရသည်။

Source Market Information Service- DOP- MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 03 March 2023 17:45
Rate this item
(0 votes)