Myanmar



မန္တလေးကိုင်းတန်းဈေး ဆန်ဈေးနှုန်း အတက်အကျ အခြေအနေ

 မန္တလေးကိုင်းတန်းဈေး   ဆန်ဈေးနှုန်း  အတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

          မန္တလေးကိုင်းတန်းဈေးတွင် ဆန်ဈေးနှုန်းအနေဖြင့် 

 

ရန်ကုန်ပေါ်ဆန်း၊ ရွှေဘိုပေါ်ဆန်းတို့မှာ မြို့တွင်း သုံး နှင့် နယ်ဝေးတင်ပို့ရမှုနည်းခြင်းကြောင့် ရန်ကုန်ပေါ်ဆန်းတစ်အိတ် ၇၅၀၀၀ ကျပ်မှ ၇၂၀၀၀ ကျပ် ရွှေဘိုပေါ်ဆန်းတစ်အိတ် ၇၉၀၀၀ ကျပ်မှ ၇၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ 

.

မနောသုခဆန်မှာ မြို့တွင်းအများသုံးဆန်ဖြစ်ခြင်းကြောင့် ၆၁၀၀၀ ကျပ် ၆၂၀၀၀ ကျပ်သို့ ဈေးမသိ မသာမြင့်သွားသည်။ 

.

ငစိန်ဆန်မှာ မုန့်လုပ်ငန်းသမားအဝယ်ရှိခြင်း၊ အဝင်နည်းခြင်းကြောင့် ယခင် အပတ်တစ်အိတ် ၅၇၀၀၀ ကျပ်မှ ၅၈၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

.

 ဇီယာဆန်မှာ အဝင်နည်းသွားခြင်း၊ ပင်ရင်းဈေး မြင့်ခြင်းကြောင့် ယခင်အပတ် ၅၇၀၀၀ ကျပ်မှ ၆၂၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ 

.

ဧရာမင်းဆန်မှာ အသစ်များအဝင်များလာခြင်းကြောင့် အသစ်တစ်အိတ် ၇၇၀၀၀ ကျပ်မှ ၇၀၀၀၀ ကျပ် အဟောင်း တစ်အိတ် ၈၅၀၀၀ ကျပ်မှ ၈၂၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

.

မန္တလေးဈေးကွက်မှ ဆန်မျိုးစုံကို မန္တလေးဝန်းကျင်အမှာရှိသော မြို့များ၊ ဗန်မော်၊ ကွပ်ခိုင် သို့ တင်ပို့မှုရှိပြီး ရွှေဘိုမှ မန္တလေးဆန်တစ်အိတ် ၁၀၀၀ မှ ၁၂၀၀ ကျပ် ရန်ကုန်မှ မန္တလေး ၂၂၀၀ ကျပ်ခန့် သယ်ယူစရိတ်ရှိသည်။

 

Source:Market Information Service- DOP- MOALI
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 17 March 2023 15:39
Rate this item
(0 votes)