Myanmar



မန္တလေး ဆီထွက်သီးနှံ မြေပဲ နှမ်း (ဖြူ/ညို/နက်) ပန်းနှမ်း နေကြာ ဈေးနှုန်း အတက်အကျများ

မန္တလေး ဆီထွက်သီးနှံ မြေပဲ နှမ်း (ဖြူ/ညို/နက်) ပန်းနှမ်း  နေကြာ  ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

  မန္တလေးပွဲစားကုန်သည် စက်ပိုင်ကထိန်တော်အသင်းတွင် ဆီထွက်သီးနှံများအနက်

.

 မြေပဲ (လုံးဆံ/ဆီဆံ) ဈေးနှုန်းမှာ ဆောင်းမြေပဲအဝင်ရှိခြင်း၊ တရုတ်ဝယ်လက်မှ ဈေးကွက်အနေအထား အရ ဈေးချဝယ်ယူခြင်းတို့ကြောင့် လုံးဆံ ၁၀၀ပိဿာ ၆၅၀၀၀၀ ကျပ်မှ ၆၃၀၀၀၀ ကျပ်သို့လည်း ကောင်း၊ ဆီဆံမှာလည်း ဆီစက်သမားအဝယ်နည်းခြင်းကြောင့် ၁၀၀ပိဿာ ၆၁၀၀၀၀ ကျပ်မှ ၆၀၀၀၀၀ ကျပ် သို့လည်းကောင်း အသီးသီးဈေးနိမ့်သွားသည်။

        .

နှမ်း (ဖြူ/ညို/နက်) ဈေးနှုန်းအနေဖြင့် 

နှမ်းဖြူမှာအဝင်ပုံမှန် လုပ်ငန်းသမားနှင့် တရုတ်ဝယ် လက်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၃၂၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

နှမ်းညိုမှာလည်း ဆီစက် သမားအဝယ်ပုံမှန်ရှိခြင်းကြောင့် ၄၅ပိဿာ ၂၅၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ 

နှမ်းနက် (စမုံ)မှာ လုပ်ငန်းသမားနှင့် တရုတ်ဝယ်လက်နှင့် လှောင်သမား အဝယ်ရှိခြင်းကြောင့် အရည်အသွေးပေါ် မူတည်၍ ၄၅ပိဿာ ၂၅၀၀၀၀ ကျပ် မှ ၂၉၅၀၀၀ ကျပ်ထိ ဈေးအမျိုးမျိုးဖြင့် ရောင်းဝယ် မှုရှိသည်။ 

ပန်းနှမ်းမှာ ရှမ်းမြောက်နှင့် မြစ်ရိုးတလျှောက်မှ အဝင်နည်းခြင်း၊ လှောင်သမားနှင့် စက် သမားအဝယ်ရှိခြင်း တို့ကြောင့် ၄၅ပိဿာ ၁၇၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

.        

နေကြာမှာ ဆောင်းနေကြာဝင်ရောက်မှုရှိခြင်း၊ အဝင်နည်းသေးခြင်း၊ ဆီစက်သမားအဝယ် ပုံမှန်ရှိခြင်းကြောင့်  ၂၇ပိဿာ ၁၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 17 March 2023 15:59
Rate this item
(0 votes)