Myanmar



မန္တလေး ငရုတ်ခြောက် ကြက်သွန် နီ/ဖြူ အာလူး ဂျင်း ဈေးနှုန်း အတက်အကျများ

မန္တလေး ငရုတ်ခြောက် ကြက်သွန် နီ/ဖြူ အာလူး ဂျင်း ဈေးနှုန်း အတက်အကျများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 ၂၃ ၃ ၂၀၂၃

.

မန္တလေး ကိုင်းတန်းဈေးတွင်

.

ငရုတ်ခြောက်(ရှည်)မှာ အဝင်ပုံမှန် ၊ စားသုံးမှုပုံမှန်ရှိခြင်းကြောင့် တစ်ပိဿာ ၁၄၀၀၀၀ ကျပ် ၊ ငရုတ်ခြောက်(လတ်)မှာ သာစည်-စစ်ကိုင်း ၊ ပခုက္ကူတို့မှ အဝင်ရှိခြင်းကြောင့် တစ်ပိဿာ ၁၅၀၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေသည်။ကြက်သွန်နီဈေးနှုန်းမှာ မြစ်သားမှ အဝင်များလာခြင်း ၊ ရွှေဘိုမှလည်း ဝင်ရောက်ခြင်းကြောင့် တစ်ပိဿာ ၁၉၀၀ ကျပ် မှ ၁၇၀၀ ကျပ် ၊ လတ် တစ်ပိဿာ ၁၈၀၀ ကျပ် မှ ၁၇၀၀ ကျပ် ၊ သေး တစ်ပိဿာ ၁၃၀၀ ကျပ် မှ ၁၂၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။
.
မုံရွာ ကြက်သွန်နီ(ကြီး) တစ်ပိဿာ ၁၂၀၀ ကျပ် ၊ (လတ်) တစ်ပိဿာ ၁၁၀၀ ကျပ် ၊ (သေး) တစ်ပိဿာ ၁၀၀၀ ကျပ်ဖြင့် မြို့တွင်းသုံး ဝယ်ယူမှုသာရှိပြီး နယ်ဝေးတင်ပို့ရမှုနည်းသည်။
.
ကြက်သွန်ဖြူ(တရုတ်)မှာ အဝင်နည်းခြင်းကြောင့် တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ရှမ်းဖြူအသစ်မဝင်သေးခြင်းကြောင့် ဈေးကွက်အတွင်း မတွေ့ရသေးဘဲ ကြက်သွန်ဖြူ(မြေပြန့်)မှာ အရည်အသွေးအကောင်းဆုံး တစ်ပိဿာ ၅၀၀၀ ကျပ် ၊ အညံ့ဆုံး ၄၀၀၀ ကျပ် ဖြင့် ဈေးမြင့်နေသည်။
.
အာလူးဈေးနှုန်းအနေဖြင့် ဘန့်ဘွေး အာလူးများအဝင်များပြီး အရည်အသွေးပေါ် မူတည်၍ အကောင်းဆုံး တစ်ပိဿာ ၁၅၀၀ ကျပ် ၊ အညံ့ဆုံး တစ်ပိဿာ ၁၃၀၀ ကျပ် ဈေးရှိသည်။
.
ချင်းဈေးနှုန်းမှာ ဘဂႅလားဒေ့ရှ်သို့ ပင်ရင်းဒေသမှ အပို့ရှိခြင်းကြောင့် ပင်ရင်းဈေးမြင့်ပြီး တစ်ပိဿာ ၂၂၀၀ ကျပ်ဖြင့် ဈေးမြင့်နေသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 23 March 2023 15:18
Rate this item
(0 votes)