Myanmar



မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မန္တလေးဈေးကွက်တွင် ဖြစ်ပေါ်သည့် ဆန်ဈေးနှုန်းအတက်အကျများမှာ-

 

ရန်ကုန်ပေါ်ဆန်းမှာ အဝင်နည်း ၊လက်ကျန်နည်းခြင်းကြောင့် တစ်အိတ် ၇၈၀၀၀ ကျပ် မှ ၈၀၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်နေသည်။

 

ရွှေဘိုပေါ်ဆန်းမှာလည်း လှောင်သမားထံ လက်ကျန်နည်းခြင်း ၊ မိုးစပါးစိုက်ချိန်နီးခြင်းတို့ကြောင့် တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ်ထိ ဈေးမြင့်သွားသည်။

 

ဇီယာဆန် နှင့် ငစိန်ဆန်မှာ မြို့တွင်းသုံးပုံမှန်ရှိခြင်း ၊ ပင်ရင်းဈေးပုံမှန်ဖြစ်ခြင်း ၊ မုန့်လုပ်ငန်းနှင့် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိခြင်း၊ အဝင်ပုံမှန်ရှိခြင်းကြောင့် ဇီယာဆန်တစ်အိတ် ၆၂၀၀၀ ကျပ် ၊ ငစိန်ဆန်တစ်အိတ် ၅၉၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

မနောသုခဆန်မှာ အဝင်ပုံမှန် ၊ မြို့တွင်းစားသုံးမှုပုံမှန်ရှိခြင်း ၊ လက်ကျန်နည်းခြင်း ကြောင့် တစ်အိတ် ၆၃၀၀၀ ကျပ် မှ ၆၄၀၀၀ ကျပ်သို့ ဈေးမသိမသာ မြင့်တက်သွားသည်။

 

ဧရာမင်းဆန် မှာ တောင်သူထံ လက်ကျန်နည်း၍ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် အသစ်တစ်အိတ် ၈၈၀၀၀ ကျပ် ၊ အဟောင်းတစ်အိတ် ၉၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 28 April 2023 14:08
Rate this item
(0 votes)