Myanmar
မန္တလေးဈေးကွက် အစေ့ထုတ်ပြောင်းနှင့် ဂျုံ ဈေးနှုန်းများ အခြေအနေ
မန္တလေးဈေးကွက် အစေ့ထုတ်ပြောင်းနှင့် ဂျုံ ဈေးနှုန်းများ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
5 5 2023
မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ဂျုံဈေးနှုန်းများအနေ ဖြင့် အသစ်ဝင်ရောက်မှုရှိခြင်း ၊ နိုင်ငံခြားဂျုံများ အဝင်ရှိခြင်း ၊ ဂျုံစက်များ အဝင်နည်း၍ အရောင်းအဝယ်အေးခြင်းကြောင့် ငါန်းဇွန် ၊ မြို့သာ ၊ မုံရွာ ၊ ဘုတလင် ၊ စစ်ကိုင်း ၊ ဆားတောင် ၊ ရွှေဘို ၊ မြင်းမူ ၊ မြောင် ဂျုံများမှာ ယခင်လ အရည်အသွေးအနိမ့်ဆုံး ဂျုံ ၆၀ ပိဿာ ၁၆၀၀၀၀ ကျပ် မှ ယခုလ ၁၅၅၀၀၀ကျပ်သို့ ဈေးနိမ့်သွားသည်။
ရှမ်းဂျုံမှာ ၁၆၅၀၀၀ ကျပ်ဖြင့် ဈေးတည် ငြိမ်နေသည်။
ကြူကုတ် ဂျုံ ၆၀ပိဿာ ၁၂၀၀၀၀ ကျပ် ၊
ဩစတြေးလျ ဂျုံမှုန့်တစ်ပိဿာ ၃၀၅၀ ကျပ်ဖြင့်
ရောင်းဝယ်နေသည်။
အစေ့ထုတ်ပြောင်းမှာ ပင်ရင်းဒေသမှ ပြည်ပသို့ပို့ရန် အဝယ်နည်းခြင်း ၊ ဈေးကွက် အတွင်း အသစ်များ ဝင်ရောက်မှုရှိခြင်းကြောင့် အစာစပ်သမား အဝယ်ရှိသော်လည်း ၅၄ ပိဿာ ယခင်အပတ် ၆၂၀၀၀ ကျပ် မှ ယခုအပတ် ၆၀၅၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



