Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 5 5 2023

မန္တလေး ပွဲစားကုန်သည်စက်ပိုင် ကထိန်တော်အသင်းတွင် ပဲမျိုးစုံ ဈေးနှုန်းအနေဖြင့်


မတ်ပဲမှာ အသစ်များဝင်ရောက်မှုရှိခြင်း ၊ အရည်အသွေးကောင်းခြင်း ၊ ရန်ကုန်ဝယ်လက် ရှိခြင်းကြောင့် ယခင်အပတ် ၆၀ ပိဿာ ၂၀၂၀၀၀ ကျပ်မှ ယခုအပတ် ၂၁၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း(အညာ)မှာ ဆောင်းလက်ကျန်နည်းခြင်း ၊ မိုးပဲစိုက်ရန် ပြင်ဆင်ခြင်းကြောင့် အရောင်းအဝယ်အေးသော်လည်း အရည်အသွေးအကောင်းဆုံး ၅၆.၂၅ ပိဿာ ၂၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲတီစိမ်း(ခရမ်း) ၂၂၀၀၀၀ ကျပ် ၊ ပဲတီစိမ်း(လမ်း) ၅၆.၂၅ ပိဿာ ၂၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ ရန်ကုန်ဝယ်လက်ရှိခြင်း ၊ လက်ကျန်နည်းခြင်း ၊ အသစ်စိုက် ရန် ပြင်ဆင်ချိန်ဖြစ်ခြင်းတို့ကြောင့် ပဲစဉ်းငုံ(ဖြူ) ၆၀ပိဿာ ၂၁၇၀၀၀ ကျပ်မှ အရည်အသွေး အကောင်းဆုံး ၂၃၃၀၀၀ ကျပ်သို့လည်းကောင်း၊ ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၂၂၆၀၀၀ ကျပ် မှ ၂၃၃၀၀၀ ကျပ်သို့ ဈေးအသီးသီးမြင့်သွားသည်။

ပဲပုတ်(မြန်မာ/ရှမ်း)တို့မှာ အသစ်ဝင်ရောက်မှုရှိပြီး အရည်အသွေး ကောင်းခြင်း ကြောင့် လုပ်ငန်းသမား အဝယ်နည်း၍ အရောင်းအဝယ်အေးသော်လည်း ၅၃.၂၅ ပိဿာ ၂၁၀၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။ ပဲပုတ်(ရှမ်း) မှာ မိုးညှင်း ၊ မိုးမိတ်တို့မှ ဝင်ရောက်ပြီး မိုးညှင်းမှ ဝင်သော ပဲပုတ် အရည်အသွေးအကောင်းဆုံး ၁၄၂၀၀၀၀ ကျပ် ၊ မိုးမိတ် ပဲပုတ် ၅၃.၂၅ ပိဿာ ၁၃၅၀၀၀ ကျပ် သို့ ဈေးအသီးသီးဖြင့် ရောင်းဝယ်နေသည်။

ကုလားပဲဈေးနှုန်းအနေဖြင့် ကုလားပဲ(ကုဖြူကြီး)မှာ အသစ်များဝင်ရောက်မှု ရှိခြင်းကြောင့် လုပ်ငန်းသမား အဝယ်ပုံမှန်ရှိသော်လည်း ၅၇.၂၅ ပိဿာ ၂၁၉၀၀၀ ကျပ် မှ ယခု အပတ် ၂၁၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားပြီး ကုလားပဲ(ထိုင်ဝမ်)မှာ အသစ်ဝင်ရောက်သော်လည်း ခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် ၅၆.၂၅ ပိဿာ ၂၀၅၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေ သည်။ ကုလားပဲ(ခွဲခြမ်း)မှာလည်း တစ်ပိဿာ ၅၀၅၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

ပဲယင်း ၊ စားတော်ပဲ ၊ မြေတောက်ပဲတို့မှာ အဝင်ပုံမှန် ၊ မြို့တွင်းပုံမှန်ဖြစ်ခြင်း ၊ အရောင်းအဝယ်အေးခြင်းကြောင့် ၆၀ ပိဿာ ၁၅၀၀၀၀ ကျပ် ၊ မြေတောက်ပဲ ၅၄ ပိဿာ ၂၈၅၀၀၀ ကျပ် ၊ စားတော်ပဲ ၅၉.၂၅ ပိဿာ ၃၄၀၀၀၀ ကျပ် အသီးသီး ဈေးတည်ငြိမ်နေသည်။

ပဲလွန်းဖြူ/ပြာ တို့မှာ အသစ်ဝင်ရောက်မှုရှိခြင်း ၊ လက်လီသမား အဝယ်သာရှိပြီး အရောင်းအဝယ်အေးခြင်းတို့ကြောင့် ပဲလွန်းဖြူ ၁၄၅၀၀၀ ကျပ် ၊ ပဲလွန်းပြာ ၅၄.၂၅ ပိဿာ ၁၂၈၀၀၀ ကျပ် ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲကြီး (ကြီး/သေး)တို့မှာ ဆောင်းပဲ အဝင်နည်းခြင်း ၊ မိုးပဲစိုက်ရန် ပြင်ဆင်စကာ လဖြစ်ခြင်းကြောင့် တရုတ်ဝယ်လက်နည်းပြီး လုပ်ငန်းသမားအဝယ် အနည်းငယ်သာရှိခြင်း ကြောင့် ပဲကြီး (ကြီး) ၅၅.၂၅ ပိဿာ ၂၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ပဲကြီး(သေး)မှာ လက်လီသမား အဝယ်အနည်းငယ်သာရှိခြင်းကြောင့် ၅၅.၂၅ ပိဿာ ၂၂၅၀၀၀ ကျပ် မှ ၂၃၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

ထောပတ်ပဲ(ကြီး/သေး)တို့မှာ ဆောင်းပဲအဝင်နည်းခြင်း ၊ မိုးပဲစိုက်ချိန်နီး၍ ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၂၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေပြီး ထောပတ်ပဲ(သေး)မှာ လက်လီသမား ပုံမှန်ဝယ်ယူခြင်း ၊ လက်ကျန်နည်းခြင်းကြောင့် ၂၃၅၀၀၀ ကျပ် မှ ၂၂၅၀၀၀ ကျပ်သို့ ဈေးမသိမသာနိမ့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Saturday, 06 May 2023 07:03
Rate this item
(0 votes)