Myanmar
မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ
မန္တလေးဈေးကွက် ဆန်ဈေးနှုန်းများ အခြေအနေ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မန္တလေး ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းအထက်အကျများမှာ
ရန်ကုန်ပေါ်ဆန်းမှာ လက်ကျန်နည်း၊ ပစ္စည်းရှားခြင်း ၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် တစ်အိတ် ၈၀၀၀၀ ကျပ် မှ ၈၇၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ် ၁၀၀၀၀၀ ကျပ်ဖြင့် မြို့တွင်းစားသုံးမှုပုံမှန် ၊ အဝင်ပုံမှန် ရှိနေသည်။
ဇီယာဆန်မှာ အသစ်ဝင်ရောက်မှုရှိခြင်းကြောင့် တစ်အိတ် ယခင်အပတ် ၆၅၀၀၀ ကျပ် မှ ၆၂၀၀၀ ကျပ်သို့ဈေးနိမ့်သွားသည်။
ငစိန်ဆန်မှာ လုပ်ငန်းသမား ၊ မုန့်သမား အဝယ်ပုံမှန် ရှိခြင်းကြောင့် အသစ်ဝင်ရောက်သော်လည်း တစ်အိတ် ၆၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
မနောသုခဆန်မှာ မြို့တွင်းအများသုံးဆန်ဖြစ်ခြင်း ၊ စိုက်ပျိုးစကာလဖြစ်၍ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၆၅၀၀၀ ကျပ် မှ ၆၈၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ဧရာမင်းဆန်မှာ အသစ်အဝင်နည်းခြင်း ၊ မြို့တွင်းသုံးစွဲမှုများခြင်းကြောင့် ယခင်အပတ် တစ်အိတ် ၉၀၀၀၀ ကျပ် မှ ၉၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
သယ်ယူစရိတ်အနေဖြင့်
ရန်ကုန် ၊ မန္တလေး တစ်အိတ် ၂၅၀၀ ကျပ် မှ ၂၈၀၀ ကျပ် ၊
ရွှေဘို မှ မန္တလေး ၁၀၀၀ ကျပ် မှ ၁၅၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



