Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

1 6 2023

မန္တလေး ပွဲစားကုန်သည်စက်ပိုင်ကထိန်တော်အသင်းတွင် ပဲမျိုးစုံဈေးနှုန်းအနေဖြင့်

 

မတ်ပဲဈေးနှုန်းမှာ အဝင်နည်းသွားခြင်း ၊ ပဲခွဲစက် နှင့် ရန်ကုန်ဝယ်လက်ရှိခြင်းတို့ကြောင့် ယခင်အပတ် ၆၀ ပိဿာ ၂၁၈၀၀၀ ကျပ် မှ ယခုအပတ် ၂၃၃၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း(ခရမ်း/လမ်း)တို့မှာ လက်ကျန်နည်းခြင်း ၊ အဝင် မရှိခြင်း ၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ဈေးနှုန်း တင်ပြထားခြင်းမရှိပါ။

 

ပဲတီစိမ်း (အညာ)မှာ ဒေသအလိုက် အရည်အသွေးပေါ်မူတည်၍ အနိမ့်ဆုံး ၅၆.၂၅ ပိဿာ ၁၆၀၀၀၀ ကျပ် မှ ၁၈၀၀၀၀ ကျပ် အထိ ဈေးအမျိုးမျိုးနှင့် ပဲခွက်စက်များနှင့် တရုတ်ဝယ်လက်အနည်းငယ်ရှိသည်။

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ ပဲပုတ်(မြန်မာ)သည် လုပ်ငန်းသမား အဝယ်နည်းသဖြင့် အရောင်းအဝယ်အေးပြီး ယခင်အပတ် ၅၃.၂၅ ပိဿာ ၂၁၀၀၀၀ ကျပ် မှ ယခုအပတ် ၂၀၇၀၀၀ ကျပ် သို့ ဈေးမသိမသာနိမ့်သွားသည်။

 

ပဲပုတ်(ရှမ်း)မှာ ဆီစက်သမား အဝယ်သာရှိပြီး မိုးညှင်း နှင့် မိုးမိတ်တို့မှ ဝင်ရောက်မှု ပုံမှန်ရှိခြင်းကြောင့် မိုးညှင်း ၅၃.၂၅ ပိဿာ ယခင်အပတ် ၁၄၈၀၀၀ ကျပ် မှ ယခုအပတ် ၁၄၇၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

မိုးမိတ်ပဲပုတ်မှာ အဝင်နည်းသဖြင့် ယခင်အပတ် ၁၄၂၀၀၀ ကျပ် မှ ယခုအပတ် ၁၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ကုလားပဲဈေးနှုန်းများအနေဖြင့် ကုလားပဲ(ကုဖြူကြီး)မှာ အထွက်နည်း ၊ အဝင်နည်း ၊ လက်ကျန်နည်းခြင်း ၊ လုပ်ငန်းသမား ဝယ်ယူမှုပုံမှန်ရှိခြင်းကြောင့် ၅၇.၂၅ ပိဿာ ၂၃၈၀၀၀ ကျပ် မှ ၂၄၉၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ကုလားပဲ(ထိုင်ဝမ်)မှာ လက်ကျန်နည်းခြင်း ၊ ပဲခွဲစက်များ အဝယ်များခြင်း ၊ မြို့တွင်းသုံးစွဲမှုများခြင်းကြောင့် ၅၆.၂၅ ပိဿာ ၂၂၄၀၀၀ ကျပ် မှ ၂၃၇၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ကုလားပဲ(ခွဲခြမ်း)မှာလည်း လုံးဝါကြီး ဈေးမြင့်သဖြင့် ယခင်အပတ် တစ်ပိဿာ ၅၅၅၀ ကျပ် မှ ၅၆၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

 

ပဲယင်းနှင့် စားတော်ပဲ(ကျွန်း)မှာ အဝင်နည်းခြင်း ၊ ပဲခွဲစက်နှင့် လက်လီသမား အဝယ်ရှိခြင်းကြောင့် ယခင်အပတ် ၆၀ ပိဿာ ၁၅၂၀၀၀ ကျပ် မှ ၁၅၇၀၀၀ ကျပ်သို့ ဈေးမြင့်တက်သည်။

 

စားတော်ပဲ(ကျွန်း) ၅၉.၂၅ ပိဿာ ၃၉၀၀၀၀ ကျပ် မှ ၄၀၀၀၀၀ ကျပ်သို့ ဈေးမြင့်တက်သည်။

 

 

မြေတောက်ပဲ ၊ ပဲကြီး(ကြီး/သေး) ၊ ထောပတ်ပဲ(ကြီး/သေး)တို့အနက်

 

မြေတောက်ပဲမှာ အရောင်းအဝယ်အေးခြင်းကြောင့် ၅၄ ပိဿာ ၃၀၀၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။

 

ပဲကြီး (ကြီး/သေး) ၊ထောပတ်ပဲ(ကြီး/သေး)တို့မှာ ဆောင်းလက်ကျန်နည်းခြင်း ၊ မိုးပဲစိုက်ရန် ပြင်ဆင်ချိန်ဖြစ် ခြင်းတို့ကြောင့်

 

ပဲကြီး(ကြီး) ၅၅.၂၅ ပိဿာ ၂၇၅၀၀၀ ကျပ် ၊

 

ပဲကြီး(သေး) ၂၅၅၀၀၀ ကျပ် ၊

 

ထောပတ်ပဲ(ကြီး) ၂၇၀၀၀၀ ကျပ် ၊

 

ထောပတ်ပဲ(သေး) ၂၄၃၀၀၀ ကျပ်ဖြင့်

ဈေးတည်ငြိမ်နေသည်။

 

ပဲလွန်းဖြူ/ပြာတို့အနက်

 

ပဲလွန်းဖြူမှာ ဆောင်းပဲလက်ကျန်နည်းခြင်း ၊ လက်လီသမား အဝယ်ပုံမှန်ရှိခြင်း ၊ လှောင်လက်ထံမှ ဝယ်ရခြင်းတို့ကြောင့် ၆၀ ပိဿာလျှင် ၁၅၀၀၀၀ ကျပ် မှ ၁၅၅၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်လာသည်။

 

ပဲလွန်းပြာမှာ စိုက်ဧကနည်း ၊ အဝင်နည်း ခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ၅၄.၂၅ ပိဿာ လျှင် ယခင်အပတ် ၁၃၅၀၀၀ ကျပ် မှ ၁၄၅၀၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 02 June 2023 11:05
Rate this item
(0 votes)