Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ဂျူးမြစ်ငါးဟင်းချက်နည်း

ဒီကနေ့တင်ပြမည့် ဟင်းအမည်ကတော့ ရှမ်းပြည်တောင်ပိုင်းဒေသ

အစားအစာတစ်ခုဖြစ်တဲ့ ဂျူးမြစ်ငါးဟင်း ချက်နည်းကလေး တင်ပြပေးပါ့မယ်။

လိုအပ်သည့်အမယ်များကတော့ ငါးရံ့ခပ်ကြီးကြီးတစ်ကောင်၊ ဂျူးမြစ်၊ ခရမ်းချဉ်သီးအနည်းငယ်၊ ကြက်သားမှုန့် အနည်းငယ်၊ ကြက်သွန်နီအနည်းငယ်၊ ကြက်သွန်ဖြူအနည်းငယ်၊ ငရုတ်သီးစိမ်းအနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်၊ ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်၊ ဆားအနည်းငယ်နှင့် ဆီအနည်းငယ်တို့ လိုအပ်ပါတယ်။

ပထမဦးဆုံး ငါးရံ့ကို ရေဆေးကြောသန့်စင်ပြီး အတုံးလေးများလှီးဖြတ်ထားပါ။ ကြက်သားမှုန့်၊ ဆားနှင့် နနွင်းပါ ထည့်နယ်ထားပါ။

ခရမ်းချဉ်သီးသေးသေးစိတ်ပြီး ကြက်သွန်နီပါးပါးလှီးထားပါ။ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ရောထောင်းထားပါ။

ဂျူးမြစ်ကို ရေစင်အောင်ဆေးကြောပြီး တစ်လက်အရွယ်လေးများ ပိုင်းဖြတ်ထားပါ။ အကုန်လုံး အသင့်ဖြစ်ပါက ဒယ်အိုးထဲသို့ ဆီထည့်ပြီး နှပ်ထားသော ငါးရံ့တို့ကို အရောင်းအနည်းငယ်ပြောင်းလာသည်အထိ တင်းအောင် ကြော်ထားပြီး ဆီစစ်ပေးထားပါ။

ငါးကြော်ဆီကို အနည်းငယ်ချန်ပြီး ကျန်ဆီများကို ဖယ်ထုတ်၍ ငရုတ်သီးမှုန့်နှင့် ကြက်သွန်နီဆီသတ်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပြီး ခရမ်းချဉ်သီးသေးသေးစိတ်ထားသည်ကိုထည့်ပါ။ ဆားထည့်ပြီး ခရမ်းချဉ်သီး ကျေညက်အောင် မွှေပေးပါ။

ခရမ်းချဉ်သီးကျေညက်ပါက ကြက်သွန်ဖြူ ငရုတ်သီးစိမ်းထောင်းထားသည်ကို ထည့်လိုက်ပါ။ ပြီးလျှင် ဂျူးမြစ်နှင့် ငါးကြော်ကိုထည့်ပြီး သမအောင်မွှေပေးပါ။

ဂျူးမြစ်နွမ်းပါက အရသာအပေါ့အငန်မြည်းကာ လိုအပ်သည်များဖြည်စွက်ကာ သမအောင်မွှေပေးပြီးလျှင် အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 25 September 2018 09:05
Rate this item
(3 votes)