Myanmar
သက်သတ်လွတ် အာလူးအစပ်ချက်
ဝါတွင်းကာလ အခါသမယတွင် သက်သတ်လွတ်စားသူများအတွက် အာလူးအစပ်ချက် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ အာလူး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး အာလူးကို အခွံခွာပြီး စိတ်ကြိုက်လှီးဖြတ်ထားပါ။ ပြီးနောက် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းကို ကြိတ်ထားပါ။
ပြီးလျှင် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ ကြိတ်ထားတာကို ဆီသတ်ပြီးနောက် အတုံးကလေးတွေလှီးဖြတ်ထားတဲ့ အာလူးကို ထည့်ပြီး မွှေကြော်ပေးပါ။
Read more >>>>> ကလေးများအကြိုက်တွေ့စေမယ့် နို့အရသာ အာလူးထောင်းပြုလုပ်နည်း
ပြီးနောက် အရသာအတွက် ဆား၊ ဟင်းခတ်မှုန့်၊ ရေအနည်းငယ်ထည့်ပြီး အာလူးကို ကျက်အောင် ကြော်ပေးပါ။
အာလူးကြော်ကျက်လို့ ဆီပြန်လာပြီဆိုရင်တော့ သက်သတ်လွတ်အာလူးအစပ်ချက်ကို ထမင်းပူပူ လေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။