Myanmar



မန္တလေး ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

မန္တလေး  ပဲမျိုးစုံဈေးကွက် ဈေးနှုန်းအတက်အကျ အခြေအနေ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

30 6 2023

 

မတ်ပဲဈေးနှုန်းမှာ လက်ကျန်နည်း ပစ္စည်းရှားသော်လည်း ရန်ကုန်ဝယ်လက် နည်းခြင်း ကြောင့် ၆၀ ပိဿာ ၂၃၅၀၀၀ ကျပ် မှ ၂၂၀၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ပဲတီစိမ်း(အညာ)မှာ ပဲခွဲစက်များ ဝယ်ယူမှုပုံမှန်သာရှိသဖြင့် ပဲအရည်အသွေး ပေါ်မူတည်၍ ၅၆.၂၅ ပိဿာ ၁၇၂၀၀၀ ကျပ် မှ ၁၇၄၀၀၀ ကျပ်သို့ ဈေးမသိမသာမြင့်သွားသည်။

 

ကုလားပဲ(လုံးဖြူကြီး)မှာ အဟောင်းလက်ကျန်နည်းပြီး အသစ်များ ဝင်ရောက်လာခြင်း ကြောင့် ၅၇.၂၅ ပိဿာ ၂၆၀၀၀၀ ကျပ် မှ ၂၅၈၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ကုလားပဲ(ထိုင်ဝမ်)မှာ လည်း ပဲခွဲစက်များ ပုံမှန်ဝယ်ယူမှုရှိသော်လည်း အသစ်အဝင်ရှိခြင်းကြောင့် ၂၅၀၀၀၀ ကျပ် မှ ၂၄၅၀၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

လုံးဝါကြီး ဈေးနိမ့်သဖြင့် ခွဲခြမ်းမှာလည်း တစ်ပိဿာ ၆၂၀၀ ကျပ် မှ ၆၁၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။

 

ပဲစဉ်းငုံ(ဖြူ/နီ)တို့မှာ ရန်ကုန်ဝယ်လက်နည်းခြင်း ၊ လှောင်လက်ထုတ် ရောင်းမှုရှိခြင်းကြောင့်
ပဲစဉ်းငုံ(နီ) ၆၀ ပိဿာ ၃၀၇၀၀၀ ကျပ် မှ ၂၈၀၀၀၀ ကျပ်သို့လည်းကောင်း ၊
ပဲစဉ်းငုံ(ဖြူ) ၆၀ ပိဿာ ၂၉၅၀၀၀ ကျပ် မှ ၂၆၅၀၀၀ ကျပ်သို့ လည်းကောင်း
ဈေးနိမ့်သွားသည်။

 

ပဲပုတ်(ရှမ်း/မြန်မာ)တို့မှာ ဆောင်းပဲလက်ကျန်များခြင်း ၊ လှောင်သမား ထုတ်ရောင်းမှုရှိခြင်းကြောင့်
ပဲပုတ်(မြန်မာ) ၃ တင်းတစ်အိတ်လျှင် ၂၁၀၀၀၀ ကျပ် မှ ၂၀၈၀၀၀ ကျပ်သို့လည်းကောင်း ၊
ပဲပုတ်(ရှမ်း)မှာ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့်
မိုးမိတ်ပဲပုတ် ၅၃.၂၅ ပိဿာ ၁၅၅၀၀၀ ကျပ် ၊
မိုးညှင်းပဲပုတ် ၁၅၈၀၀၀ ကျပ်ဖြင့်
ဈေးတည်ငြိမ်နေသည်။

 

ပဲယင်း နှင့် မြေတောက်ပဲမှာ စိုက်ဧကနည်း ၊ အဝင်နည်းခြင်း ၊ ခွဲစက်သမားနှင့် လုပ်ငန်းသမား အဝယ်များခြင်းကြောင့်
ပဲယင်း ၆၀ ပိဿာ ၁၆၀၀၀၀ကျပ် မှ ၁၆၂၀၀၀ ကျပ်သို့လည်းကောင်း ၊
မြေတောက်ပဲ ၅၄ ပိဿာ ၃၂၀၀၀၀ ကျပ် မှ ၃၂၅၀၀၀ ကျပ်သို့ လည်းကောင်း
ဈေးမြင့်သွားသည်။



အဝင်ပုံမှန်ရှိခြင်း ၊ အရောင်းအဝယ်ပုံမှန်ရှိခြင်းကြောင့်
ပဲလွန်းဖြူ ၆၀ ပိဿာ ၁၄၁၀၀၀ ကျပ် ၊
ပဲလွန်းပြာ ၁၆၀၀၀၀ ကျပ် ၊
ထောပတ်ပဲ(ကြီး) ၅၆.၂၅ ပိဿာ ၂၉၅၀၀၀ ကျပ် ၊
ထောပတ်ပဲ(သေး) ၂၇၀၀၀၀ ကျပ် ၊
စားတော်ပဲ(ကျွန်း) ၅၉.၂၅ ပိဿာ ၄၁၀၀၀၀ ကျပ်
ပဲကြီး(ကြီး) ၅၅.၂၅ပိဿာ ၂၉၀၀၀၀ ကျပ် ၊
ဖြင့် ဈေးတည်ငြိမ်နေသည်။


ပဲကြီး(သေး)မှာ လုပ်ငန်းသမား ၊ လက်လီ သမား အဝယ်ရှိခြင်းကြောင့် ၅၅.၂၅ ပိဿာ ၂၇၅၀၀၀ကျပ် မှ ၂၉၀၀၀၀ ကျပ် သို့ ဈေးမြင့်သွားသည်။

 

356648269_289565186906463_1726305958842107516_n.jpg

 

357020213_289565306906451_1690794480299037937_n.jpg

357062722_289565270239788_6109074681830615750_n.jpg

 

 

 

Source MOALI

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Friday, 30 June 2023 18:02
Rate this item
(0 votes)