Myanmar
မန္တလေးဈေးကွက် ကြက်သွန် နီ/ဖြူ အာလူးဈေးနှုန်း အတက်အကျများ
မန္တလေးဈေးကွက် ငရုတ် ကြက်သွန် နီ/ဖြူ အာလူးး ချင်း ဈေးနှုန်း အတက်အကျများ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
2 8 2023
မန္တလေးဈေးကွက်တွင် စားဖိုးဆောင်သီးနှံများအနက် ကြက်သွန်နီဈေးနှုန်းမှာ မြင်းခြံ၊ တောင်သာ၊ ဆိပ်ဖြူ၊ မုံရွာနယ်စုံမှ ဝင်ရောက်သော်လည်း နယ်ဝေးတင်ပို့ရမှုနည်းပြီး မြို့တွင်းသုံး အဝယ်သာရှိခြင်း ကြောင့် ကြီးတစ်ပိဿာ ၂၂၀၀ ကျပ်၊ လတ်တစ်ပိဿာ ၂၁၀၀ ကျပ်၊ သေးတစ်ပိဿာ ၁၈၀၀ ကျပ်ဖြင့် ဈေး တည်ငြိမ်နေသည်။
ကြက်သွန်ဖြူ (တရုတ်)မှာ အဝင်ပုံမှန်၊ စားသုံးမှု ပုံမှန်ရှိသော်လည်း အရည်အသွေး မသိမသာ နိမ့်သောကြောင့် တစ်ပိဿာ ၇၂၀၀ ကျပ်မှ ၆၉၀၀ ကျပ်သို့ ဈေးနိမ့်သွားသည်။ ကြက်သွန်ဖြူ(ရှမ်း)မှာ အသစ်မဝင်သေးခြင်း၊ လက်ကျန်နည်းခြင်းကြောင့် အရည်အသွေး အကောင်းဆုံး ၈၅၀၀ ကျပ်မှ ၉၀၀၀ ကျပ်၊ အရည်အသွေးအနိမ့်ဆုံး ၇၅၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။ ကြက်သွန်ဖြူ (မြေပြန့်)မှာ ပစ္စည်းမရှိသလောက်ရှားခြင်းကြောင့် တစ်ပိဿာ ၉၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်။
ယခုအပတ် အောင်ပန်းအာလူး အဝင်နည်းပြီး တရုတ်အာလူးများသာ ရောင်းဝယ်မှု များပြီး တစ်ပိဿာ ၂၅၀၀ ကျပ်မှ ၂၇၀၀ ကျပ်သို့ ဈေးမြင့်သွားသည်။
ချင်းဈေးနှုန်းမှာ အခက်ကြီးများ မဝင်တော့ဘဲ ဥမများသာ ဝင်ရောက်ပြီး မြို့တွင်းသုံးသာ ရှိသဖြင့် တစ်ပိဿာ ၄၀၀၀ ကျပ်ဖြင့် ဈေးတည်ငြိမ်နေသည်
Source MOALI
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U



